နျူကလီးယားနည်းပညာ အဆင့်မြင့် တိုးတက်နေပြီဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် စွမ်းအင်ကဏ္ဍများတွင် နျူကလီးယားအဆင့်မြင့်နည်းပညာများ အသုံးပြုနိုင်ရေး ကျွမ်းကျင်ပညာရှင်များကို လေ့ကျင့်ပေးစေလိုကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

နျူကလီးယားနည်းပညာ အဆင့်မြင့် တိုးတက်နေပြီဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် စွမ်းအင်ကဏ္ဍများတွင် နျူကလီးယားအဆင့်မြင့်နည်းပညာများ အသုံးပြုနိုင်ရေး ကျွမ်းကျင်ပညာရှင်များကို လေ့ကျင့်ပေးစေလိုကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပြောကြား





MNP ၊ စက်တင်ဘာ ၁၇

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်းရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ကျင်းပလျက်ရှိသော အကြိမ် (၂၀) မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲကာလအတွင်း ၁၆-၉-၂၀၂၃ ရက်တွင် Lotus ဟိုတယ်၌ ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် အာဆီယံ-တရုတ် နျူကလီးယားနည်းပညာအား ငြိမ်းချမ်းစွာ အသုံးပြုခြင်းဖိုရမ်တွင် မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။

မြန်မာသံအမတ်ကြီးက မိန့်ခွန်းပြောကြားရာ၌ နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာ အသုံးပြုခြင်းသည် စွမ်းအင်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆေးဝါးကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတို့တွင် များစွာအသုံးဝင်၍ ပြည်သူတို့၏ လူနေမှုဘဝ အရည်အသွေးကို မြင့်တက်စေပါကြောင်း၊ “Atoms for Better Home” ဆောင်ပုဒ်မှာ လက်ရှိ နည်းပညာရေစီးကြောင်းဖြင့် ကိုက်ညီပါကြောင်း၊ ယခုအခါ တရုတ်နိုင်ငံမှ နျူကလီးယားနည်းပညာဖြင့် ထုတ်လုပ်သည့် ထုတ်ကုန်များကို အာဆီယံနိုင်ငံများသို့ တင်ပို့လျက်ရှိနေပြီ ဖြစ်ပါကြောင်း၊ နျူကလီးယားနည်းပညာနှင့်ပတ်သက်၍ အဆင့်မြင့် တိုးတက်နေပြီဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် စွမ်းအင် ကဏ္ဍများတွင် နျူကလီးယားအဆင့်မြင့်နည်းပညာများ အသုံးပြုနိုင်ရေး ကျွမ်းကျင်ပညာရှင်များကို လေ့ကျင့်ပေးစေလိုပါကြောင်းဖြင့် ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အနုမြူစွမ်းအင်အာဏာပိုင်အဖွဲ့၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရနှင့် China National Nuclear Corporation တို့ ပူးတွဲကျင်းပခဲ့သည့် ဖိုရမ်သို့ မြန်မာနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အနုမြူစွမ်းအင်အာဏာပိုင်အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ၊ ကွမ်းရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယအုပ်ချုပ်ရေးမှူးနှင့် China National Nuclear Corporation ၏ ဥက္ကဋ္ဌ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တရုတ်-အာဆီယံစင်တာ အတွင်းရေးမှူးချုပ် တို့မှ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

       

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)