မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ (အင်းကုန်း) ထုတ် ၆ တန်းသွား၊ လက်ဆွဲကောက်စိုက်စက်မှာ ခိုင်မာမှုရှိသော်လည်း ပေါ့ပါးမှုလိုအပ်သည့်အတွက် ထပ်မံပြုပြင်သွားရန် ပြည်ထောင်စုဝန်ကြီးမှာကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ (အင်းကုန်း) ထုတ် ၆ တန်းသွား၊ လက်ဆွဲကောက်စိုက်စက်မှာ ခိုင်မာမှုရှိသော်လည်း ပေါ့ပါးမှုလိုအပ်သည့်အတွက် ထပ်မံပြုပြင်သွားရန် ပြည်ထောင်စုဝန်ကြီးမှာကြား


MNP ၊ စက်တင်ဘာ ၁၂

မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ (အင်းကုန်း) မှထုတ်လုပ်သည့် ၆ တန်းသွား၊ လက်ဆွဲကောက်စိုက်စက်နှင့် ဗီယက်နမ်နိုင်ငံမှထုတ်လုပ်သည့် ၆ တန်းသွား ကောက်စိုက်စက်တို့ သရုပ်ပြနှိုင်းယှဉ် စိုက်ပျိုးပြသခြင်းကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ ရေဆင်းရှိ စိုက်ကွင်းအတွင်းပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးသည်။

အဆိုပါ ၆ တန်းသွား၊ လက်ဆွဲကောက်စိုက်စက်များ ယှဉ်ပြိုင်စမ်းသပ် စိုက်ပျိုးနေမှုအပေါ် ပြည်ထောင်စုဝန်ကြီးက စက်မှုလယ်ယာဦးစီးဌာနမှထုတ်လုပ်ပြီး ပထမအကြိမ် လက်တွေ့သရုပ်ပြဆောင်ရွက်ချက်အရ အားနည်းချက်များကို ပြန်လည်ပြုပြင်၍ ယခုဒုတိယအကြိမ် သရုပ်ပြဆောင်ရွက်ခြင်းတွင် တိုးတက်ကောင်းမွန်သော စွမ်းဆောင်ရည် တွေ့ရှိရကြောင်း၊ သို့ရာတွင် ထုတ်လုပ်ထားသော ကောက်စိုက်စက်မှာ ကြံ့ခိုင်မှုရှိသော်လည်း ပေါ့ပါးမှုလိုအပ်သေးသည့်အတွက် ထပ်မံ၍မွမ်းမံပြုပြင်သွားရန်လိုကြောင်း ပြောကြားပြီး တတိယအကြိမ် သရုပ်ပြသချိန်တွင် ပြည့်စုံကောင်းမွန်သော အင်္ဂါရပ်များရရှိရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် တောင်သူများလယ်ယာလုပ်ငန်းတွင် စရိတ်သက်သာစွာဖြင့် အလုပ်တွင်ကျယ်စွာဆောင်ရွက်နိုင်စေမည့် လယ်ယာသုံးစက်ကိရိယာများ အသုံးပြုနိုင်ရေးအတွက် သုတေသနပြုလုပ်ခြင်း၊ စမ်းသပ်တီထွင်ခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး လယ်ယာလုပ်သားရှားပါးမှုပြဿနာများကို ကျော်လွှားနိုင်ရန်နှင့် တန်ဖိုးနည်းကောက်စိုက်စက်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်စေရေး စက်မှုလယ်ယာဦးစီးဌာန၊ မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ (အင်းကုန်း) မှ ၆ တန်းသွား၊ လက်ဆွဲကောက်စိုက်စက်ကို စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)