Pages

Pages

ကလောမြို့နယ်၌ ကျေးလက်နေမိသားစုဝင်ငွေတိုးပွားရေး စီမံကိန်းလုပ်ငန်းသင်တန်း ဖွင့်လှစ်


MNP ၊  စက်တင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် သီခေါင်ကျေးရွာအုပ်စု လက်ပံပင်ကျေးရွာတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု ဝင်ငွေတိုးရေးဆောင်ရွက်မည့် ထောပတ်သီးအခြေခံတန်ဖိုးမြှင့်ထုတ်ကုန်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က လက်ပံပင်ကျေးရွာ SMU ခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စီမံကိန်းအဖွဲ့ဝင်များ၊ ဒေသခံရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေး၊ သီခေါင်ကျေးရွာအုပ်စုအတွင်း ဒေသခံများအနေနှင့် တစ်နိုင်တတစ်ပိုင်လုပ်ငန်းများ ပေါ်ထွက်လာနိုင်ရေး၊ ဒေသခံများ ဝင်ငွေတိုးတက်လာအောင် ဆောင်ရွက်ပေးနိုင်‌ရေးတို့အတွက် ဒေသတွင်း ပေါများစွာထွက်ရှိသည့် ထောပတ်သီး အခြေခံတန်ဖိုးမြှင့်ထုတ်ကုန်သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းကို စာတွေ့၊ လက်တွေ့ဖြင့် အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးမည်ဖြစ်ပြီး  သင်တန်းသားများကလဲ လုပ်ငန်းထူထောင်နိုင်ရန်အတွက် စိတ်ပါဝင်စားစွာနှင့် တတ်မြောက်သည်အထိ သင်ယူကြဖို့လိုပါကြောင်း၊ သင်တန်းဆင်းများထဲက လုပ်ငန်းထူထောင်လုပ်ကိုင်လိုသူ ၅ ဦးကို စိစစ်ရွေးချယ်ပြီး လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ ထောက်ပံ့ပေးအပ်လိုက်သည့် လုပ်ငန်းသုံးပစ္စည်းများ၊ သင်ကြားပေးလိုက်သည့် အတတ်ပညာများကို အခြေတည်ပြီး မိမိတို့ကိုယ်တိုင်ကိုယ်ကျ ဦးစီးဦးဆောင်ဖွင့်လှစ်သည့် စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွက်လာစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။


ထို့နောက်ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက သင်တန်းသား/သူများအား သင်ထောက်ကူအပစ္စည်းများ ပေးအပ်ခဲ့ပြီး သင်တန်းတွင် လက်ပံပင်ကျေးရွာအတွင်းရှိ ကျေးရွာနေ ဒေသခံသင်တန်းသား ၁၅ ဦးကို ပထမအကြိမ် သင်တန်းကာလ ၇ ရက်နှင့် ဒုတိယအကြိမ်မွန်းမံသင်တန်း ၅ ရက်ကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment