MNP ၊ စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ၂၀၂၃ ခုနှစ်၊ မိုးရာသီကာလ၊ ရက်သတ္တပတ်အတွင်း နေ့ရက်အလိုက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နှိမ်နင်းရေးလုပ်ငန်းများကို ဇူလိုင်လမှ စတင်ပြီး ဦးတည်ဆောင်ရွက်ရမည့် နေရာများသို့ သွားရောက်ပြီး ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် အစိုးရနှင့် ပုဂ္ဂလိကရုံးဌာနများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ ဈေးများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦးများ (နတ်ကွန်းငယ်များ အပါအဝင်)၊ စာသင်ကျောင်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများထဲရှိ နေအိမ်များနှင့် အိမ်ပတ်ဝန်းကျင်၊ လမ်းပတ်ဝန်းကျင်နေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ ပိုးလောက်လမ်းသေဆေး (Abate) ခတ်ခြင်းတို့ကို ဆောင်ရွက်ပြီး အိမ်တွင်းရှိ ခြင်ကျားခိုအောင်းနိုင်သောနေရာများ (ဥပမာ-အိမ်တွင်း၌ ချိတ်ဆွဲထား သော အဝတ်များကို နည်းနိုင်သမျှ နည်းအောင် ပြုလုပ်ခြင်း၊ အလင်းရောင်ကောင်းမွန်စွာ ရရှိစေရန်ပြုလုပ်ခြင်း စသည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်နိုင်နင်းရေး ပညာပေးခြင်းများကို မြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment