MNP ၊ စက်တင်ဘာ ၁၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး GIS နည်းပညာအသုံးပြုကာ မြို့ပေါ်ရပ်ကွက်များအား Census Unit ဖွဲ့စည်းခြင်းလုပ်ငန်းကို စက်တင်ဘာလ ဒုတိယ အပတ်မှစ၍ ခရိုင်အတွင်းရှိ သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများတွင် ဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ Census Unit ဖွဲ့စည်းခြင်းလုပ်ငန်းကို နေပြည်တော်ရုံးချုပ်ရှိ ပြည်သူ့အင်အားဦးစီးဌာနမှ လဝကမှူး ဒေါ်မေသက်ထွန်း ဦးဆောင်၍ ဝန်ထမ်း(၃)ဦး၊ ရခိုင်ပြည်နယ်တောင်ပိုင်း ပြည်နယ် ကိုယ်စားပြု ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်း(၃)ဦးတို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများနှင့် ပူးပေါင်းညှိနှိုင်းလျက် Tablet နှင့် Computer များကို အသုံးပြုကာ ရပ်ကွက်မြေပုံများအပေါ်တွင် စနစ်တကျ CU ဖွဲ့စည်းခြင်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်နေမှုအား ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုစစ် ဆေးကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးလျှက်ရှိသည်။
ကျောက်ဖြူခရိုင်၌ အဆိုပါ Census Unit ဖွဲ့စည်းခြင်းလုပ်ငန်းကို စက်တင်ဘာ ၈ ရက်နေ့မှ စက်တင်ဘာ ၁၃ ရက်နေ့အထိ ဆောင်ရွက်လျှက်ရှိကာ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်(၁၇)ရပ်ကွက်၊ စနဲ (၅)ရပ်ကွက်၊ လေးတောင်(၅)ရပ်ကွက်၊ ရမ်းဗြဲ(၆)ရပ်ကွက်၊ စုစုပေါင်းမြို့ပေါ်ရပ်ကွက် (၃၃) ရပ်ကွက်အား ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီး မှူးထံမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment