တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Book Club၊ Youth Club တို့ဖြင့် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Book Club၊ Youth Club တို့ဖြင့် စာဖတ်ဝိုင်းကျင်းပ



MNP ၊  စက်တင်ဘာ  ၂၆

ရန်ကုန်တိုင်းဒေသကြီး  တိုက်ကြီးမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club တို့ ပူးပေါင်း၍ “လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက   ကျင်းပသည်။


စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်  ဦးနေသွေးဇော်က ဉီးဆောင်၍ “လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်‘’ စာအုပ်မှ စဥ်လာဆုံးမ သြဝါဒရှောင်ကြမူးယစ်ဆေးခေါင်းစဥ်မှ ရှေးစာဆိုပညာရှိများ၏ မူးယစ်ဆေးဝါးမသုံးစွဲမိစေရန် လမ်းညွှန်ဆုံးမထားသော ဆုံးမသွန်သင်ချက်များကို ဖတ်ကြားဆွေးနွေးသည်။ ဆက်လက်၍   စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော Book Club  နှင့် Youth Club အဖွဲ့ဝင်များက မူးယစ်ဆေးဝါးကြောင့် ဘဝပျက်ဆုံးရှုံးရသည့် ဥပမာများနှင့်ရှောင်ရှားရန် လမ်းညွှန်ချက်များကို အသီးသီးဖတ်ကြား၍ အပြန်အလှန်ဆွေးနွေးကြသည်။


အဆိုပါ စာဖတ်ဝိုင်းများကို မျိုးဆက်သစ်လူငယ်များ စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ထွန်းစေရန်၊ ပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရေးအတွက်  စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Woman Club နှင့် Youth Club အသင်းများဖြင့်  လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


စန်းကလျာခိုင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)