Pages

Pages

သံတွဲမြို့၌ e-ID စနစ်လုပ်ငန်းဆိုင်ရာ ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူခြင်းလုပ်ငန်းစတင်ဆောင်ရွက်




MNP ၊  စက်တင်ဘာ  ၂၆

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သံတွဲမြို့နယ်ဦးစီးမှူးရုံးမှ e-ID စနစ်လုပ်ငန်းဆိုင်ရာ ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူခြင်းလုပ်ငန်း ကို ယနေ့ နံနက် ၉း၃၀ နာရီမှစတင်၍ ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)တွင် စတင်ဆောင်ရွက်လျက် ရှိ‌ကြောင်းသိရသည်။


ထိုသို့ e-ID စနစ်လုပ်ငန်းဆိုင်ရာ ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူရာတွင် ပထမဦးစားပေးအနေဖြင့် သံတွဲမြို့နယ်အတွင်းရှိ ဝန်ထမ်းများ အားလုံးကို စတင်ကောက်ယူ ပေးလျက်ရှိသည်။ 


အဆိုပါစာရင်းကောက်ယူနေမှုများကို သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များလှည့်လည် ကြည့်ရှု့ကြရာ မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရသည်။


သန့်ဇင် 

https://t.me/MyanmarNationalPost




No comments:

Post a Comment