Pages

Pages

မာန်အောင်မြို့နယ်တွင်e-IDစနစ်လုပ်ငန်းဆိုင်ရာဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းလုပ်ငန်းစတင်ဆောက်ရွက်






MNP ၊  စက်တင်ဘာ  ၂၆

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများကအသက်(၁၀)နှစ်အထက်နိုင်ငံသားကဒ်ပြားရှိသူများအားe-IDစနစ်လုပ်ငန်းဆိုင်ရာဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူခြင်း လုပ်ငန်းကို ယနေ့နံနက်၉နာရီခွဲကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင်အခြေပြု၍စတင်ကောက်ယူလျက်ရှိသည်။


   ထိုသို့ ကောက်ယူရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများနှင့်မှီခိုသူမိသားဝင်များအား စတင်ကောက်ယူလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းနှင်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။


  မာန်အောင်မြို့နယ်တွင်e-IDစနစ်လုပ်ငန်းဆိုင်ရာဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် မှီခိုသူမိသားစုဝင်များအား ရုံးဖွင့်ရက်များတွင် နေ့စဥ်နံနက်၉နာရီခွဲမှညနေ၄နာရီခွဲထိကောက်ယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost




No comments:

Post a Comment