သရက်မြို့၌ အမျိုးသားဆေးဝါးဥပဒေနှင့် ကောင်းမွန်သောဆေးဝါးရောင်းချမှုကျင့်စဉ် (GPP)အကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့၌ အမျိုးသားဆေးဝါးဥပဒေနှင့် ကောင်းမွန်သောဆေးဝါးရောင်းချမှုကျင့်စဉ် (GPP)အကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ



MNP ၊  စက်တင်ဘာ  ၁၂

မကွေးတိုင်းဒေသကြီး သရက်မြို့၌ အမျိုးသားဆေးဝါးဥပဒေနှင့် ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်(GPS)အကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပခြင်းကို ယနေ့နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဆေးအရောင်းဆိုင်မှ ဆိုင်ပိုင်ရှင်များ တက်ရောက်ကြသည်။


အဆိုပါ အခမ်းအနားတွင်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာညွန့်ရွှေအောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒေါက်တာစိုင်းမင်းသူထွန်းမှ အမျိုးသားဆေးဝါးဥပဒေနှင့် ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်(GPP)အကြောင်း အသိပညာပေးဆွေးနွေးရာမှာ အမျိုးသားဆေးဝါးဥပဒေတားမြစ်ချက်၊ လုံဝသုံးစွဲရန် မသင့်သောဆေးများအကြောင်းနှင့် ပြည်သူများ ဆေးဝါးဝယ်ယူသုံးစွဲရာတွင် သိရှိရမည့်အချက်များနှင့်ပတ်သက်၍ ပြောကြားပေးခဲ့ကြောင်း သိရသည်။


ဇော်ထက်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)