MNP ၊ စက်တင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ အသက်(၉) နှစ်မှ (၁၂) နှစ်အတွင်းရှိ မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က ဗန္ဓုလရပ်ကွက် အ.မ.က(မူလွန်) ကျောင်း၌ ကျန်းမာရေးဝန်း ထမ်း များက ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးရာတွင် မြို့နယ်ကျန်း မာရေးဝန်ထမ်းများ က ကာကွယ်ဆေးမထိုးနှံမှီ စာရင်းများစနစ်တကျကောက်ယူခြင်း၊ သွေးပေါင် ချိန်တိုင်းတာခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်းများဆောင်ရွက်ပြီးမှ ကာကွယ်ဆေးများကို စနစ်တ ကျထိုးနှံပေးလျက်ရှိသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အသက်(၉) နှစ်မှ (၁၂) နှစ်အတွင်းရှိ မိန်းကလေးများအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိကျောင်းအခြေပြုထိုးနှံပေးမည်ဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြည်သူလူထုအခြေပြု ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ၊ ကာကွယ်ဆေးကို အသက်(၉) နှစ်မှ (၁၂) နှစ်အတွင်းထိုးနှံမှသာ ဆေးအာနိသင် ထိရောက်မည်ဖြစ်သည့်အတွက် အသက်ပိုင်းခြားကန့်သတ်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
မြင့်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment