အထက မိုင်းနောင် KGကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အထက မိုင်းနောင် KGကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ပြုလုပ်



MNP ၊  စက်တင်ဘာ  ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် လိုအပ်လျက်ရှိသော KGကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီအချိန်က  ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။


ရှေးဦးစွာ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီးဦးဇော်မြင့်သိန်းက KGကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိသည့် အခြေအနေနှင့် အစီအစဉ်များ၊ အရည်အသွေးပြည့်မီသည့် ကျောင်းဆောင်သစ်အဆောက်အအုံဖြစ်စေရေး၊ ပညာသင်ယူမည့် သားငယ်၊သမီးငယ်များ အန္တရာယ်ကင်းဘေးရှင်းရေး၊ လေကောင်းလေသန့်ရရှိပြီး ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်အတွင်း အဆင်ပြေသည့်မြေနေရာတွင် ဆောက်လုပ်နိုင်ရေးတို့ကို ဝိုင်းဝန်းအကြံပြုပေးကြပါရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။


 အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/ဆရာမများ၊ မိဘဆရာ အသင်းဝင်များ(၂၅)ဦး တက်ရောက်ကာ KGကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရေးအတွက် ကော်မတီဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်များခွဲဝေခြင်း၊ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား အပြန်အလှန်ဆွေးနွေးညှိနှိုင်း၍ ကျောင်းဆောင်သစ်ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုအတည်ပြုခဲ့ကြောင်း သိရှိရသည်။


မနန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)