ချောင်းသာကမ်းခြေအပန်းဖြေခရီးသွားရောက်ခဲ့သည့် တပ်မတော်သားအရာရှိ၊ စစ်သည်များ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းသာကမ်းခြေအပန်းဖြေခရီးသွားရောက်ခဲ့သည့် တပ်မတော်သားအရာရှိ၊ စစ်သည်များ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ









MNP ၊ စက်တင်ဘာ ၂၄

နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သားအရာရှိ၊ စစ်သည်များအား တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ အနားယူအပန်းဖြေခရီးစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ စက်တင်ဘာ ၁၉ ရက်နေ့တွင် ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ အပန်းဖြေခရီးသွားရောက်ခဲ့ကြသည့် တပ်မတော်သားအရာရှိ၊ စစ်သည်များသည် ချောင်းသာကမ်းခြေရှိချောင်းသာ အပန်းဖြေဧည့်ရိပ်သာမှ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာကြရာ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ရင်းရင်းနှီးနှီး ပို့ဆောင်နှုတ်ဆက်ကြပြီး ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုခဲ့ကြသည်။

ထိုသို့ စက်တင်ဘာ ၁၉ ရက်မှ ယနေ့အထိ ၆ ရက်ကြာ အနားယူအပန်းဖြေခရီး သွားရောက်ခဲ့ကြသည့် တပ်မတော်သားအရာရှိ၊ စစ်သည်များသည် ချောင်းသာကမ်းခြေ၌ လမ်းလျှောက်ခြင်း၊ ကိုယ်လက်ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ သဲသောင်ပြင်၌ ဘောလုံး၊ ဘော်လီဘောနှင့် ခြင်းလုံးအားကစားများ ဆောင်ရွက်ခြင်း၊ အနားယူအပန်းဖြေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့အတူ ပုသိမ်မြို့ရှိ ရွှေမုဌောမဟာစေတီတော်မြတ်ကြီး၊ လောကနန္ဒာစေတီနှင့် ဆုတောင်းပြည့်အောင်စကြာနှီးဗုဒ္ဓရုပ်ရှင်တော်မြတ်ကြီး၊ ချောင်းသာမြို့ရှိ သဲဖြူကျွန်းရေလယ်ဘုရား၊ ဆုတောင်းပြည့် ဇမ္ဗူပတိရုပ်ပွားတော်၊ ဒီပါအေးမြမဟာနဂါးရုံဘုရားနှင့် အနန္တဇိနလောကမာန်အောင် စေတီတော်မြတ်ကြီးတို့အား ဖူးမြော်ကြည်ညိုခြင်း၊ ချောင်းသာမြို့ စကားဝါတောင် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာကျောင်းတိုက်သို့ အလှူငွေများလှူဒါန်းခြင်း၊ ချောင်းသာမြို့၏ ဒေသအစားအစာဖြစ်သည့် သရက်တောထိုးမုန့်လုပ်ငန်းနှင့် ရွှေသာယာမြို့မဈေး၊ ကျောက်မောင်နှမကမ်းခြေ၊ ရွှေသောင်ယံမြို့ Sea & Lake ရှိ ကျောက်စိမ်းပြတိုက်၊ သစ်သားပန်းပုပြတိုက်၊ ဒီရေတောတံတား၊ ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းသမိုင်းပြခန်း၊ ရွှေမြင်းပျံပုသိမ်ဟာလဝါလုပ်ငန်းနှင့် ပုသိမ်ထီးလုပ်ငန်း စသည့် အထင်ကရနေရာများသို့လည်း သွားရောက်လေ့လာခဲ့ကြသည်။

အဆိုပါ အနားယူအပန်းဖြေခရီးစဉ်သွားရောက်ခဲ့သည့် အရာရှိ၊ စစ်သည်များအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများ၊ တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ တန်ခိုးကြီးဘုရားစေတီများ၊ အထင်ကရနေရာများ၏ ဗဟုသုတဖြစ်ဖွယ်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းပြသခြင်းများကို ဆောင်ရွက်ပေးခဲ့ရာ အရာရှိ၊ စစ်သည်များအနေဖြင့် စိတ်လက်ပေါ့ပါးစွာဖြင့် ဒေသန္တရဗဟုသုတများကို လေ့လာခဲ့ကြပြီး ၎င်းတို့အတွက် လွန်စွာအကျိုးရှိသည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်းနှင့် ယခုကဲ့သို့ အပန်းဖြေခရီးစဉ် သွားရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည့် တပ်မတော်အကြီးအကဲများကိုလည်း ကျေးဇူးအထူးတင်ရှိကာ စိတ်ဓာတ်ခွန်အားများ ပိုမိုရရှိခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)