Naypyitaw State Academy ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှုတ်ဆက်ပွဲနှင့် Physical Fitness Dance သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Naypyitaw State Academy ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှုတ်ဆက်ပွဲနှင့် Physical Fitness Dance သင်တန်းဆင်းပွဲ ကျင်းပ


MNP ၊ စက်တင်ဘာ ၉

အနာဂတ်မြန်မာနိုင်ငံတော်တွင် အားကိုးအားထားပြုထိုက်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာရေးကို ရည်ရွယ်၍ Naypyitaw State Academy ၏ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်သီတင်းပတ် (Youth Week) အစီအစဉ်အနေဖြင့် လူငယ်များ မိတ္တဗလနှင့် ကာယဗလပြည့်စုံစေရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှုတ်ဆက်ပွဲ (Farewell) နှင့် Physical Fitness Dance သင်တန်းဆင်းပွဲကို ယမန်နေ့က တွင် Naypyitaw State Academy ဘက်စုံ ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် Naypyitaw State Academy ဒုတိယပါမောက္ခချုပ် (စီမံ) ဒေါက်တာနုနုလွင်က အဖွင့်အမှာစကား ပြောကြားပြီး ကျောင်းသား ကျောင်းသူများက Naypyitaw State Academy သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ထို့နောက် Physical Fitness Dance သင်တန်းသူလေးများက သရုပ်ပြဖျော်ဖြေကြပြီး Naypyitaw State Academy ဒုတိယပါမောက္ခချုပ် (သင်တန်း) ဒေါက်တာစိုးစိုးအောင်က သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ကျောင်းသား ကျောင်းသူများက အဆို၊ အက၊ အလှများဖြင့် ဖျော်ဖြေကြသည်။

အခမ်းအနားသို့ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ တွဲဖက်ပါမောက္ခ (ဌာနမှူးများ)၊ ဆရာ ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။ 


#MyanmarNationalPost

No comments:

Post a Comment