အာဏာလက်မဲ့ဖြစ်ပြီး NLD အစွန်းရောက်တွေ ဆူပူအကြမ်းဖက်မှုတွေ စတင်ပါပြီးဆိုကတည်းက နေ့စဉ်မှတ်တမ်းများဟာ မပျောက်အပျက် ရှိနေပါသေးတယ်။ ယမန်နေ့က မြင်းမူမြို့နယ်မှာ အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ကို လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက နှိမ်နင်နိုင်ခဲ့ပြီး အကြမ်းဖက်သမား ၂၅ဦး ထက်မနည်း အသေရရှိခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့ပါတယ်။
အဆိုပါ နီပိန်းအစွန်းရောက် အကြမ်းဖက်သမားများရဲ့ အသုဘပုံရိပ် ရုပ်သံအတိုလေး တစ်ခု ပျံ့နှံ့လာတာကို တွေ့မြင်ရပါတယ်။ ကိုယ့်သားသမီးကို အကြမ်းဖက်သမား မဖြစ်အောင် ထိန်းကျောင်းရမယ့် မိခင်များ ငိုချင်းချနေတာကို ကြည့်ပြီး သံဝေဂ ရမိပါတယ်။ သူတို့ရဲ့ သားသမီးတွေ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ အကြမ်းဖက်လမ်းစဉ်နောက်ကို လိုက်ပြီး ကိုယ့်ရွာသူရွာသားအချင်းချင်း ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်နေစဉ်က တားမြစ်ရကောင်းမှန်း မသိဘူး။ အဲဒီလို ငိုချင်းချတာမျိုး မတွေ့ခဲ့ရဘူး။ အခု လုံခြုံရေးတပ်ဖွဲ့ဝင်များက မဖြစ်မနေ (မလွဲသာမရှောင်သာ) နှိမ်နင်းရတဲ့ အခြေအနေမျိုးမှာ ကိုယ့်သားသမီး ဆုံးပါးသွားတော့ ငိုလိုက်ကြသည့် ဖြစ်ခြင်းပေါ့။
ခင်ဗျားတို့တွေမှာ ကိုယ်ချင်းစာတရားရှိပြီး ကိုယ့်ရွာသူရွာသားအချင်းချင်း အတိဒုက္ခရောက်အောင် မလုပ်ခဲ့ဘူး၊ အကြမ်းဖက်လုပ်ရပ်တွေကို မကျူးလွန်ခဲ့ကြဘူးဆိုရင် အခုလိုအဖြစ်မျိုး ကြုံရမှာ မဟုတ်ဘူး။ လက်နက်ကိုင်ပြီး လူပါးဝခွင့် ရနေတုန်းကတော့ အရူးဘုံမြောက် ဖြစ်ခဲ့ကြတယ်။ အခုတော့ ငိုချင်းချနေကြပါပေါ့လား။
ဆိုတော့လေ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ အကြမ်းဖက်နှိမ်နင်းရေး လုပ်ဆောင်ရာမှာ ယမန်နေ့က ဖမ်းဆီးရမိတဲ့ အခြေအနေဟာ ဖမ်းဆီးရမိမှု အများဆုံး အခြေအနေပါပဲ။
နီပိန်းအစွန်းရောက် အကြမ်းဖက်သမားတွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်ပေါင်း မရေမတွက်နိုင်လောက်အောင် များပြားခဲ့ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီလမှစပြီး ယနေ့အချိန်အထိ ကျွန်တော်တို့ မြန်မာနေရှင်နယ်ပို့စ် ရဲ့ သတင်းဖော်ပြချက်များ (အကြမ်းဖက်လှုပ်ရှားမှု) မှတ်တမ်းမှာ အားလုံးရှိနေပါတယ်။
မြဝတီမြို့မှာ ယခုလ အစောပိုင်းက ၃-၉-၂၀၂၃ ရက်နေ့မှာ ရခိုင်စီမံအုပ်ချုပ်ရေးတာဝန်ရှိသူများကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာဆိုရင်ပဲ ၆ဦး သေဆုံးခဲ့ရပြီး ၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ KNU, PDF အကြမ်းဖက်သမားများက ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။
ယခုလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားများ ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှတ်တမ်းများထဲမှာ -
၂၀၂၃ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ က တန့်ဆည်မြို့နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို PDF အကြမ်းဖက်သမားများက ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့ဝင် ၅ဦးနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၄ဦး စုစုပေါင်း ၉ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။ အလားတူ လားရှိုးမြို့မှာလည်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ၂ဦး ကို အကြမ်းဖက်သမားများက သတ်ဖြတ်ခဲ့ကြပါတယ်။
၂၀၂၃ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ က မင်းကင်းမြို့နယ် ကျောက်ခဲတက်ကျေးရွာမှ ရွာသား ၃ဦးကို PDF အကြမ်းဖက်သမားများက ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
အလားတူ ၂၀၂၃ခုနှစ်၊ စက်တင်ဘာ ၂၀ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ထန်းပင်ကုန်းကျေးရွာ၊ အယ်လ်ဖာဘိလပ်မြေစက်ရုံသို့သွားသည့် လမ်းခွဲအနီးတွင် အမျိုးသား ၄ ဦး အကြမ်းဖက်သမားများက သတ်ဖြတ်သွားခဲ့ကြပါတယ်။
၂၀၂၃ခုနှစ် ၊ စက်တင်ဘာလ ၁၇ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကျွဲဇိမ်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာ၏ အရှေ့ဘက် လေးဖာလုံခန့်အကွာရှိ တောထဲတွင် အမျိုးသား ၂ဦးကို PDF အကြမ်းဖက်သမားများက သတ်ဖြတ်ခဲ့ကြသလို ရေစကြိုမြို့၊ ကိုင်းမကြီးရွာ၊ ရွာဦးကျောင်းမှ ကျောင်းထိုင်ဆရာတော်ကြီးကိုလည်း PDF များမှ ခေါင်းဖြတ်သတ်ဖြတ်သွားခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ က မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ငွေတောင်ကျေးရွာမှာ အမျိုးသား ၂ဦး၊ အမျိုးသမီး ၂ဦး တို့ကို PDF အကြမ်းဖက်သမားများက ဖမ်းဆီးသတ်ဖြတ်ခဲ့ကြပါတယ်။ ထို့အတူ စက်တင်ဘာ ၁၁ ရက်နေ့က ဒီပဲယင်းမြို့နယ် အနောက်ဘက်ပိုင်းရပ်ကွက်တွင် ကင်းလှည့်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ဦးကို PDF အကြမ်းဖက်သမားများက ဖမ်းဆီးသတ်ဖြတ်ခဲ့ကြပါတယ်။
ဒီမှတ်တမ်းတွေဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ အတွင်းမှ တစ်ဦးထက်မက သတ်ဖြတ်ခဲ့တဲ့ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားများက ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်ပါတယ်။ ဒီလထဲမှာပဲ တစ်ယောက်တည်း ဖမ်းဆီးသတ်ဖြတ်ခံရမှု (၁၀)ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။
၂နှစ်တာ ကာလအတွင်း မှတ်တမ်းကို ပြန်ကြည့်မယ်ဆိုရင်ဖြင့် တန့်ဆည်မြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ပေါမြို့နယ်၊ မြိုင်မြို့နယ်တွေမှာ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားများက ကလေးသူငယ်များ၊ အမျိုးသမီးများ အပါအဝင် ၈ဦး (သို့မဟုတ်) ၉ဦးထက်မနည်းသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း (၁၀)ကြိမ်ထက်မနည်း ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။
ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ KNDF, PDFအကြမ်းဖက်သမားများ ကျူးလွန်ခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများထဲမှာ အဆိုးရွားဆုံး ဖြစ်စဉ်ကတော့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နန်းနိမ့်ရွာမှာ ပအိုဝ်းသံဃာတော် (၃)ပါး အပါအဝင် ပအိုဝ်းဒေသခံပြည်သူ ၂၂ ဦးထက်မနည်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်ပါတယ်။ ဒီဖြစ်စဉ်ဟာ ၂၀၂၃ခုနှစ်၊ မတ်လအတွင်းမှာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်အပေါ်မှာ ပအိုဝ်းသံဃာတော်များနဲ့ ပြည်သူများက တသွေတည်း တသားတည်း ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။
၂၀၂၃ခုနှစ် မတ် ၁၅ ရက်နေ့ က တောင်ကြီးမြို့ အားကစားကွင်းမှာ ပအိုဝ်းတိုင်းရင်းသားပြည်သူများ စုဝေးပြီး ပင်လောင်းမြို့နယ်၊ နန့်နှိမ်ကျေးရွာ အတွင်း KNDF နှင့် PDF အကြမ်းဖက်အဖွဲ့များက ဝင်ရောက်ပြီး ဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက်စခန်းသဖွယ် အသုံးပြု ကျောင်းထိုင်းဆရာတော်ပါ သံဃာတော်(၃)ပါးနှင့် ပအိုဝ်းဒေသခံ ပြည်သူပေါင်းများစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်အပေါ်မှာ ဒေသခံ ပြည်သူတွေက ဆန့်ကျင်ကန့်ကွက်ခဲ့ကြခြင်းဖြစ်ပါတယ်။ ပင်လောင်းမြို့နယ်၊ လွယ်အိုင်းကျေးရွာရှိ လွယ်အိုင်းဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တရာဇဂုရု က "Facebook ပေါ်တင်တာက မဟုတ်မမှန် လုပ်ကြံဖန်တီးပြီး တင်တယ်၊ စစ်တပ်ကမီးရှို့တယ်ဆိုပြီး ဖွကြတယ်၊ အမှန်က အကြမ်းဖက်သမားတွေရှို့တာ၊ ကျုပ်ကိုယ်တိုင်မျက်မြင်ပဲ၊ Facebook ပေါ်မှာ ပအိုဝ့်လူမျိုးက PDFအကြမ်းဖက်သမားတွေနဲ့ မပူးပေါင်းဘူးဆိုပြီး ဖွနကြတယ်။ တို့တွေက အကြမ်းဖက်သမားတွေနဲ့ ဘယ်တော့မှ မပူးပေါင်းဘူး၊ ပင်လောင်းမြို့နယ်၊ နန်းနိမ့်ရွာရှိ သံဃာတော်များနှင့် ဒေသခံပအိုဝ့်လူမျိုးများအား သတ်ဖြတ်မှုမှာ မြန်မာ့တပ်မတော်လည်းမဟုတ်ဘူး၊ PNA လည်းမဟုတ်ဘူး။ KNDF/PDF အကြမ်းဖက်သမားများမှ သတ်ဖြတ်ခဲ့သည့်အတွက် အပေါ်ကန့်ကွက်ရှုံချတယ်" ဟု ထည့်သွင်းမိန့်ကြားသွားခဲ့ပါတယ်။ ဆရာတော်ဘဒ္ဒန္တရာဇဂုရု ဟာ ပအိုဝ်းအမျိုးသားရေး ဦးဆောင်ဆရာတော်တစ်ပါးဖြစ်ပြီး ပွင့်လင်း ပြတ်သားတဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်။
ပအိုဝ်းဒေသခံ တိုင်းရင်းသားများ သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပအိုဝ်းပြည်သူတွေက တညီတညွတ်တည်း အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ကန့်ကွက်တာကို မြင်တွေ့ခဲ့ရပေမယ့် ကျွန်တော်တို့ ဗမာတွေရဲ့ အားနည်းချက်ကတော့ NLD အစွန်းရောက် အကြမ်းဖက်ဝါဒီတွေ ရက်စက်ယုတ်မာနေသမျှကို လည်စင်းခံပေးနေတဲ့ သဘောပါပဲ။ NLD အစွန်းရောက်များ ဖွဲ့စည်းထားတဲ့ အကြမ်းဖက်အဖွဲ့များက သတ်ဖြတ်ခဲ့တာဆိုရင် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း (၆၂၀၀)ကျော် အထိ ရှိခဲ့ပါပြီ။
တစ်ကြိမ်တစ်ခါမှ NLD အစွန်းရောက်တွေရဲ့ အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာမှုတွေအပေါ် ငြိမ်းချမ်းစွာ ဆန့်ကျင် ကန့်ကွက်ခဲ့တာမျိုး မတွေ့ရပါဘူး။ NLD အစွန်းရောက်တွေ ဖွဲ့စည်းထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းများကသာ စဉ်ဆက်မပြတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။
အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်နေကြတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ ဆောင်ရွက်မှု မှတ်တမ်းများကို ပြန်ကြည့်မယ်ဆိုရင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စာသင်ကျောင်း၊ ဆေးပေးခန်းတွေကို အကြမ်းဖက်စခန်းအဖြစ် ပြုလုပ်ထားတဲ့ နေရာတွေကို ရှင်းလင်းရာမှာ ပဒက်တွေကို အစုလိုက်အပြုံလိုက် ရှင်းလို့ ရတဲ့ အခြေအနေမျိုးတွေ မြင်တွေ့ခဲ့ရပါတယ်။ သို့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ မလုပ်ခဲ့ပါဘူး။ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ခုခံပစ်ခတ်တဲ့သူလောက်ကိုသာ အဓိကထားပြီး အခြားသော အကြမ်းဖက်သမားများကို ပြေးပေါက်ဖွင့်ပေးခဲ့ပါတယ်။ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းတာမျိုးကိုသာ အဓိထား လုပ်ဆောင်ခဲ့ကြပါတယ်။ အကြမ်းဖက်စခန်းတစ်ခုကို ရှင်းလို့ အကြမ်းဖက်သမား ၅လောင်း ရတယ်ဆိုတာ ဖြစ်စဉ်ဟာ နည်းပါတယ်။ အကြမ်းဖက်သမား ၁ဦးစ၊ ၂ဦးစ မလွဲသာ မရှောင်သာ နှိမ်နင်းရမယ့်သူမျိုး၊ အများပြည်သူအတိဒုက္ခရောက်အောင် လမ်းပေါ်တက် မိုင်းထောင်တဲ့ အကြမ်းဖက်သမားများကိုသာ ရှင်းလင်းတာမျိုး ရှိခဲ့ပါတယ်။
စက်တင်ဘာ လကုန်ပိုင်း အကြမ်းဖက်နှိမ်နင်းရေးမှာတော့ ဒေသခံပြည်သူများအပေါ် လက်နက်ကိုင် အနိုင်ကျင့်စော်ကားနေတဲ့ NLD အစွန်းရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းဆောင်ရွက်ခဲ့တဲ့ ဖြစ်စဉ်များကိုလည်း မြင်တွေ့လာရပါတယ်။ တနင်္သာရီတိုင်းဒေသကြီးမှာ အကြမ်းဖက်စခန်းတစ်ခုကို ရှင်းလင်းဆောင်ရွက်စဉ် အကြမ်းဖက်သမား ၁၄ဦး အထိ ရရှိခဲ့သလို စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်မှာ အကြမ်းဖက်သမားများရဲ့ လှုပ်ရှားမှုကို တားဆီးနှိမ်နင်းရာမှာ အကြမ်းဖက်သမား ၂၅ဦး အထိ ရရှိခဲ့ပါတယ်။
ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF, KIA, KNU အပါအဝင် အကြမ်းဖက်အဖွဲ့များဟာ လက်နက်ကိုင်ပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် အနိုင်ကျင့် ဗိုလ်ကျ စော်ကားရတဲ့ အရသာကို သိလာကြပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ ထိထိမိမိမနှိမ်နင်းဘူးဆိုရင် အကြမ်းဖက်အဖွဲ့များဟာ နောက်ထပ် နောက်ထပ် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာကို အတိဒုက္ခရောက်အောင် လုပ်ဆောင်နေကြအုံးမှာပဲ ဖြစ်ပါတယ်။
အကြမ်းဖက်လှုပ်ရှားမှု မရှိရင် အကြမ်းဖက်နှိမ်နင်းရေးဆိုတာလည်း ရှိတော့မှာ မဟုတ်ပါဘူး။ NLD အစွန်းရောက်တွေသာ အသိတရားရှိမယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ လုပ်ကြံဖန်တီး သွေးထိုးလှုံ့ဆော်မှုတွေနောက်မှာ လိုက်ပါပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်တာမျိုး မရှိတော့ဘူးဆိုရင် နစကအစိုးရအနေနဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ကို လျှင်မြန်စွာ အကောင်အထည်ဖော်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment