ချောင်းဦးမြို့နယ်အတွင်းမှ NLD အစွန်းရောက် အကြမ်းဖက် ပဒက်စခန်းကို ရှင်းပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဦးမြို့နယ်အတွင်းမှ NLD အစွန်းရောက် အကြမ်းဖက် ပဒက်စခန်းကို ရှင်းပြီ







MNP ၊ စက်တင်ဘာ ၂၈

ချောင်းဦးမြို့နယ် မန်ကျီးခွကျေးရွာအနီးရှိ NLD အစွန်းရောက် အကြမ်းဖက် ပဒက် စခန်းကို ယမန်နေ့က ရှင်းလင်းချေမှုန်းခဲ့ကြောင်း သတင်းကောင်း ကြားသိရသည်။

အဆိုပါ NLD အစွန်းရောက် အကြမ်းဖက် ပဒက်စခန်းမှ လူနေတဲ ၁၂ လုံး၊ ခဲယမ်းတိုက် ၁ လုံး၊ လက်လုပ်သေနတ် ၂၅ လက်၊ ၁၀၇ မမ ဒုံးသီး ၃ လုံး၊ အမ်-၂၂ ကျည် ၂၆၀ တောင့်၊ ကာဘိုင်ကျည် ၃၅၀ တောင့်၊ ၇.၆၂ ကျည် ၂၈၂ တောင့်၊ တရုတ်လက်ပစ်ဗုံး ၁၀ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၁၁ လုံး၊ အမ်-၂၂ကျည်အိမ် ၄ ခု၊ တိုက်မိုင်း ၂ လုံး၊ ၄၀ မမဗုံးသီး ၁၇ လုံး၊ လက်လုပ်မိုင်း ၈၃ လုံး၊ ယမ်းကြိုး ၃ ခွေ၊ ယမ်းမှုန့် (၅ပိဿာ) ၁ ထုပ်၊ ဒီတိုနေတာ ၁၅၄၀ ခု၊ ၁၀၇ မမ ဒုံးပစ်စင် ၁ ခု၊ ကျည်ကာအင်္ကျီ(အနက်) ၉၀ ထည်၊ အီကွေ့မန့် ၁၀ စုံ၊ Hobby Wing ဒရုန်း(အကြီး) ၂ စီး၊ Phantom Drone ဒရုန်း ၃ စီး၊ လက်လုပ် Drone စီး၊ ဘက်က္ထရီ Charger ၁၀ ခု၊ Drone ဘက္ထရီ ၉ ခု၊ FM Drone (Remove Control)RC ၁ ခု၊ Xeza Drone Body(ဆေးဖြန်း Drone) ၂ ခု၊ Drone Controller ၁၀ ခု၊ ဆိုင်ကယ်မျိုးစုံ ၁၄ စီး၊ ၆ ဘီးယာဉ် ၁ စီး၊ ကီးပက်ဖုန်း ၈ လုံး၊ လက်လုပ် Drone ၁ ခု၊ တွင်ခုံ ၂ ခု၊ မီးအားမြှင့်စက် ၁ လုံး၊ ပလပ်စတစ်ထိုင်ခုံ ၃၆ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့နယ်အတွင်း ပဒက်အကြမ်းဖက်သမားများကို NLD လွှတ်တော်အမတ်ဟောင်း မြင့်ထွေး က ဦးဆောင်နေခြင်းဖြစ်ပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၃၀၀ ထပ်မနည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြပြီး တပ်မတော်ကို တော်လှန်သည်ဟု ကြွေးကြော်နေကြသည့် NLD အစွန်းရောက် အကြမ်းဖက်သမားများသည့် ယခုကဲ့သို့ တပ်မတော်စစ်ကြောင်း လာသည့်အခါ ခွေးပြေး ဝက်ပြေး ထွက်ပြေး တိမ်းရှောင်နေကြသည်။

         

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)