MNP ၊ စက်တင်ဘာ ၂၆
ရေဖြူမြို့နယ်၊ ဝါးဇွန်းတောကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ စခန်းချ ခိုအောင်းနေကြောင်း သတင်းရရှိသည့်အတွက် ယနေ့ တပ်မတော်စစ်ကြောင်းများမှ သွားရောက်တိုက်ခိုက်ချေမှုန်းခဲ့ရာ PDF အကြမ်းဖက်များထွက်ပြေးသွားခဲ့ပြီး အဆိုပါစခန်းအတွင်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဝါးဇွန်းတောကျေးရွာအနီးရှိ PDF အကြမ်းဖက်စခန်းမှ လက်လုပ်သေနတ် ၁၀ လက်၊ လူနေတဲ ၁၆ လုံး၊ ၉ လုံးကျည် ၃၉တောင့်၊ မိုင်းများ၊ ကျည်ကာ အင်္ကျီနှင့်ယူနီဖောင်းများ၊ ချိန်းဆော၊ ပရင်တာများ၊ ဆိုလာပြားများ၊ ဆန်ပုံး/ဆီပုံးများ၊ အကြမ်းဖက်သုံး ဆက်စပ်ပစ္စည်းအများအပြားနှင့် လေ့ကျင့်ရေးကွင်းတို့အား သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း နီပိန်း အစွန်းရောက် အကြမ်းဖက်ဝါဒီများက အကြမ်းဖက်လှုပ်ရှားမှုများ စဉ်ဆက်မပြတ် ကျူးလွန်ခဲ့ပြီး ယခုလအတွင်း အကြမ်းဖက်နှိမ်နင်းရေး ဖိဖိစီးစီး လုပ်ဆောင်လျက်ရှိသည်ကို တွေ့မြင်ရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment