ပြည်တက္ကသိုလ်၏ လူငယ်သတင်းပတ်(Youth Week) အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်တက္ကသိုလ်၏ လူငယ်သတင်းပတ်(Youth Week) အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး



MNP ၊  စက်တင်ဘာ  ၉

ပြည်တက္ကသိုလ်တွင် စက်တင်ဘာ ၄ ရက်မှ ၈ ရက်အထိကျင်းပခဲ့သော ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်သီတင်းပတ် (Youth Week) အခမ်းအနားကို ယနေ့နံနက်ပိုင်းက အောင်မြင်စွာကျင်းပပြီးမြောက်၍ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။


အခမ်းအနားပိတ်သိမ်းပွဲမကျင်းပမီ ဦးစွာ ယင်းတက္ကသိုလ် ဘက်စုံသုံးခန်းမရှေ့၌ ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူလေးများအဖွဲ့က Fitness Dance အကဖြင့် ကိုယ်လက်လှုပ်ရှားအားကစားသရုပ်ပြ လုပ်ဆောင်ကြပြီး ပါမောက္ခချုပ် ဒေါက်တာသက်လွင်နှင့် တက္ကသိုလ်တာဝန်ရှိသူများ၊ (သင်ကြား/စီမံ)ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများက ကြည့်ရှုအားပေးသည်။


ယင်းနောက် အခမ်းအနားကိုဘက်စုံသုံးခန်းမအတွင်း ဆက်လက်ကျင်းပရာ ဦးစွာ ကျောင်းသား၊ ကျောင်းသူများအဖွဲ့က နားပန်းဆံသီချင်းဖြင့် ကပြဖျော်ဖြေကြပြီး ဆက်လက်၍ ပြည်ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ခင်သူဇာအောင်နှင့် ဒေါက်တာချမ်းသာဇော်တို့က ကျောင်းသား၊ကျောင်းသူများအား "ဆယ်ကျော်သက် ရွယ်ကျန်းမာရေး" ခေါင်းစဉ်ဖြင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတ အကြောင်းများကို အသိပညာပေးဟောပြောသည်။


ထို့နောက် ဓာတုဗေဒအထူးပြုကျောင်းသား၊ ကျောင်းသူများက  Fitness Dance ဖြင့် ကပြဖျော်ဖြေကြပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြည်တက္ကသိုလ် အတွက် ပေးအပ်သောအားကစားပစ္စည်းများကို ပြည်ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှူးက တက္ကသိုလ်အားကစားမှူးထံပေးအပ်သည်။


ယင်းနောက် ပြည်တက္ကသိုလ်၏ လူငယ်သီတင်းပတ် (Youth Week) အခမ်းအနား ဖြစ်မြောက် အောင်မြင်ခြင်းအတွက် ကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်း‌ပါဝင် ဆောင်ရွက် သူများကို ပါမောက္ခချုပ် ဒေါက်တာသက်လွင်က ကျေးဇူးတင်ဝမ်းမြောက် စကား ပြောကြားပြီး ဘာသာရပ်စုံ ကျောင်းသား၊ ကျောင်းသူလေးများ၏ ရွှေမိုးရွာသီချင်း ကပြဖျော်ဖြေခြင်းဖြင့် အခမ်းအနားကိုအောင်မြင်စွာ ပိတ်သိမ်း ကြောင်း သိရသည်။


ကိုဆက်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)