အာဆီယံတပ်မတော်များ၏ ဘော်လီဘောပြိုင်ပွဲ ၂၀၂၃ သို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ့တပ်မတော်ဘော်လီဘောအသင်း ဗီယက်နမ်နိုင်ငံသို့ ထွက်ခွါ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံတပ်မတော်များ၏ ဘော်လီဘောပြိုင်ပွဲ ၂၀၂၃ သို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ့တပ်မတော်ဘော်လီဘောအသင်း ဗီယက်နမ်နိုင်ငံသို့ ထွက်ခွါ


MNP ၊ အောက်တိုဘာ ၁

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟိုချီမင်းမြို့၌ ယနေ့မှအောက်တိုဘာ ၁၀ ရက်အထိ ကျင်းပပြုလုပ်မည့် အာဆီယံတပ်မတော်များ၏ ဘော်လီဘောပြိုင်ပွဲ ၂၀၂၃ သို့ သွားရောက်ယှဉ်ပြိုင်မည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်မှူးကြီး ဇော်မင်းစိုး ဦးဆောင်သည့် မြန်မာ့တပ်မတော်ဘော်လီဘောအသင်းမှအဖွဲ့ဝင် ၂၀ တို့သည် ရန်ကုန်မြို့မှ ယမန်နေ့က ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟိုချီမင်းမြို့သို့ ထွက်ခွာသည်။

အဆိုပါ မြန်မာ့တပ်မတော် ဘော်လီဘောအသင်းအား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများက တွေ့ဆုံအားပေး စကားပြောကြား၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)