ပွင့်လင်းရာသီ ဘိလပ်မြေ လစဉ် မှာယူ တင်သွင်းမှု မြင့်တက်လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်လင်းရာသီ ဘိလပ်မြေ လစဉ် မှာယူ တင်သွင်းမှု မြင့်တက်လာ


MNP ၊ အောက်တိုဘာ ၂၈

ယခုအခါ ပွင့်လင်းရာသီ နီးကပ်လာနေပြီဖြစ်၍ ဆောက်လုပ်ရေးလုပ်ငန်းများ တွင်ကျယ်စွာ လုပ်ကိုင် ဆောင်ရွက်လာကြတော့မည် ဖြစ်သည့်အတွက် ဘိလပ်မြေဈေးကွက်အနေဖြင့် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ ဘိလပ်မြေများကို ကြိုတင် မှာယူ တင်သွင်းနေကြပြီ ဖြစ်သည်။ 

ပြီးခဲ့သည့် ဩဂုတ်လတွင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ (ဝ.၃၀၂) သန်းတန်ဖိုးရှိ ဘိလပ်မြေတန်ချိန် (၃,၀၀၀) ကျော်နှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ အမေရိကန်ဒေါ်လာ (၁.၅၈၅) သန်းတန်ဖိုးရှိ ဘိလပ်မြေတန်ချိန် (၂၀,၀၀၀) ခန့် စုစုပေါင်း ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ အမေရိကန်ဒေါ်လာ (၁.၈၈၇) သန်းတန်ဖိုးရှိ ဘိလပ်မြေတန်ချိန် (၂၃,၀၀၀) ကျော် တင်သွင်းခဲ့ကြောင်း သိရသည်။

ထို့အတူ စက်တင်ဘာလတွင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ (ဝ.၀၇၅) သန်း တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် (၄၀၀) ကျော်နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ (၁.၃၆၅) သန်း တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် (၁၆,၀၀၀) ကျော် စုစုပေါင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ အမေရိကန်ဒေါ်လာ (၁.၄၄) သန်း တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် (၁၆,၄၀၀) မှာယူ တင်သွင်းခဲ့ကြောင်း သိရသည်။

ယခုနှစ် စက်တင်ဘာလတွင် ဘိလပ်မြေများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းက မှာယူတင်သွင်းရာတွင် မလေးရှားနိုင်ငံမှ ဘိလပ်မြေတန်ချိန် (၂၅၀) ကျော်နှင့် တရုတ်နိုင်ငံမှ ဘိလပ်မြေတန်ချိန် (၁၅၀) ကျော် တင်သွင်းခဲ့ခြင်း ဖြစ်သည်။ 

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တင်သွင်းရာတွင် ထိုင်းနိုင်ငံမှ ဘိလပ်မြေတန်ချိန် (၁၆,၀၀၀) ကျော် တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ပွင့်လင်းရာသီ နီးကပ်လာတော့မည်ဖြစ်၍ ဘိလပ်မြေများကို လစဉ် တင်သွင်းမှု ရှိနေပြီး ဘိလပ်မြေတင်သွင်းမှု ပိုမို မြင့်တက်လာနိုင်ဖွယ် ရှိနေကြောင်း သိရသည်။


Source : logistics guide

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)