လေကြောင်းတိုက်ခိုက်မှုအတွင်း ဂါဇာရှိ ဒုက္ခသည်စခန်းတွင် အနည်းဆုံး လူ ၂၀ သေဆုံး - Myanmar National Post

Myanmar National Post

News Agency

Breaking

လေကြောင်းတိုက်ခိုက်မှုအတွင်း ဂါဇာရှိ ဒုက္ခသည်စခန်းတွင် အနည်းဆုံး လူ ၂၀ သေဆုံး



ဒူဘိုင်း ၊ အောက်တိုဘာ ၂၈

ဂါဇာကမ်းမြှောင်မြောက်ပိုင်းရှိ ဂျာဘာလီယာ ဒုက္ခသည်စခန်းကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း အနည်းဆုံး ၂၀ ဦး သေဆုံးခဲ့ကြောင်း Al Jazeera သတင်းတွင် ဖော်ပြထားသည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒန်နီရယ် ဟာဂါရီက အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသတွင် ၎င်းတို့၏ မြေပြင်စစ်ရေး စစ်ဆင်ရေးကို တိုးချဲ့လုပ်ဆောင်နေသည်ဟု အောက်တိုဘာ ၂၇ ရက်က ပြောကြားခဲ့သည်။ အစ္စရေးလေတပ်သည် မြေပြင်စစ်ဆင်ရေး ပြင်ဆင်ရန်အတွက် "အကြမ်းဖက်ဥမင်လိုဏ်ခေါင်းများ၊ မြေအောက်တိုက်ခိုက်ရေးနေရာများနှင့် မြေအောက်အခြေခံအဆောက်အအုံများ" ကို တိုက်ခိုက်နေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသသည် အောက်တိုဘာ ၇ ရက်ကစ၍ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခများ ပြင်းထန်လာပြီးနောက် ဂါဇာကမ်းမြောင်ဒေသတွင် အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြစ်ကြောင်း Al Arabiya နှင့် Al Jazeera ရုပ်သံလိုင်းများက ဖော်ပြခဲ့သည်။ လေကြောင်း၊ မြေပြင်နှင့် ပင်လယ်ပြင်တို့မှ ပြင်းထန်စွာ ပစ်ခတ်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသသည် ဆက်သွယ်ရေးနှင့် အင်တာနက်ဝန်ဆောင်မှုများ ပြတ်တောက်သွားခဲ့သည်။


Ref - TASS

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)