ရွှေတောင်မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေး







MNP ၊ အောက်တိုဘာ  ၂၀

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ (ခရိုင်စိုက်/ကြပ်ကော်မတီဥက္ကဌ) ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်/ကြပ်ကော်မတီပါဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်၊ ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်သူရ 

နှင့် နှစ်မြို့နယ်စိုက်/ကြပ်ကော်မတီပါဌာနဆိုင်ရာအကြီးအကဲများက ယမန်နေ့ နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


အဆိုပါ စစ်ဆေးရာတွင် ရွှေတောင်မြို့နယ် ရွှေဟင်္သာကျေးရွာအုပ်စု၊ ကွင်းအမှတ်( ၅၁၆၊၅၁၇၊၅၁၈) တို့တွင် ပေါ်ထွန်းလျက်ရှိသောမြေနုကျွန်း (၇၇၀) ဧကခန့်အနက် ၂၀၂၃ - ၂၀၂၄ မြေနုကျွန်းရာသီတွင်စိုက်ပျိုးလုပ်ကိုင်နိုင်သည့် မြေနုကျွန်းမြေဧက( ၃၄၄) ခန့်ပေါ်ထွန်းနေသည့်အခြေအနေအားမြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ရွှေဟင်္သာကျေးရွာရှိ ဒေသခံပြည်သူများအား ပေါ်ထွန်းလျက်ရှိသောမြေနုကျွန်းမြေများတွင် မြေနုကျွန်းရာသီအမီသီးနှံများစိုက်ပျိုးလုပ်ကိုင်နိုင်ရေးနှင့်ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ပဲမျိုးစုံ အထွက်ကောင်းမျိုးများအားရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ရွှေဟင်္သာကျေးရွာအုပ်စု ၊စကားမြားကျေးရွာ ကွင်းအမှတ် ( ၅၁၆A) ရှိ ကိုင်းလုပ်စားမြေများ ဧရာဝတီမြစ်ရေမြင့်တက်မှုနှင့် ရေကြောင်းပြောင်းလဲမှုများကြောင့် ကမ်းပြိုကမ်းစားမှု ဖြစ်ပေါ်နေမှုအခြေအနေများအား မြေပြင်ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး စကားမြားကျေးရွာ၊ပတ္တမြားဘုန်းတော်ကြီးကျောင်း၌ ကျောင်းထိုင်ဆရာတော်၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ ကမ်းပြို၊ကမ်းစားမှု သက်သာစေရေးအတွက် ရေ/မြစ် /ဖြိုးဌာနအား မြေပြင်ကွင်းဆင်းတိုင်တာမှုလုပ်ငန်းများ အသေးစိတ်ဆောင်ရွက်စေပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ရေကာတန်းတည်ဆောက်ခွင့် ရရှိနိုင်ရေးအတွက် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ဒေသတွင်း ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ၊ဌာနဆိုင်ရာများနှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)