MNP ၊ အောက်တိုဘာ ၃၀
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ က ရှမ်းပြည်မြောက်ပိုင်းတွင်း ဖြစ်ပေါ်လျက်ရှိသော အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ကြေညာချက် ( ၂ / ၂၀၂၃ ) ကို ယမန်နေ့က ထုတ်ပြန်ကြေညာထားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ထုတ်ပြန်ချက်တွင် အောက်တိုဘာလ (၂၇)ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း ချင်းရွှေဟော်ဒေသနှင့် နေရာအချို့ကို လက်နက်ကိုင်သောင်းကျန်းသူများက အကြမ်းဖက် ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ အပြစ်မဲ့ ပြည်သူအချို့အား ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ အရပ်ဘက်နေရာ/ လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ပြည်တွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အကြမ်းဖက် တိုက်ခိုက်ဖျက်ဆီးခြင်းသည် ငြိမ်းချမ်းရေးကို မျက်ကွယ်ပြု၍ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားပျက်ပြားအောင် ဆောင်ရွက်သည့် အကြမ်းဖက်လုပ်ရပ်များဖြစ်ကြောင်း၊ အကြမ်းဖက်လုပ်ရပ်များကို လုံးဝ(လုံးဝ) လက်မခံပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း ထုတ်ပြန်ကြေညာထားသည်။
မြောက်ပိုင်း မဟာမိတ်(၃)ဖွဲ့ အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ အစောပိုင်းတွင် ရှမ်းပြည်မြောက်ပိုင်းရှိ တပ်စခန်း၊ ရဲစခန်းများနှင့် အရပ်ဖက် ပစ်မှတ်များကိုပါ အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်လာခဲ့ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျဆုံးခဲ့ရပြီး အပြစ်မဲ့ ပြည်သူများလည်း သေဆုံးခဲ့ရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment