MNP ၊ အောက်တိုဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက. ရွှေတောင်မြို့နယ်အတွင်း ၂၀၂၃- ၂၀၂၄ဘဏ္ဍာနှစ် ဒုတိယ. ( ၃)လပတ်(ဇူလိုင်၊သြဂုတ်၊စက်တင်ဘာ) လများအတွက်အသက်(၈၅) နှစ်ထက် သက်ကြီးဘိုးဘွားများလူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းနှင်းယုက အသက်(၈၅) နှစ်ထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းပတ်သက်၍ လိုအပ်သည့်အချက်အလက်များပြည့်စုံစေရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ရွှေတောင်မြို့နယ်အတွင်း ရပ်ကွက် နှင့်ကျေးရွာအုပ်စုများရှိသက်ကြီး ဘိုးဘွား ( ၁၀၆၂) ဦးအတွက် ဒုတိယ ( ၃)လပတ်(ဇူလိုင်၊သြဂုတ်၊စက်တင်ဘာ) လများအတွက်တစ်လလျှင် ( ၁၀၀၀၀/-)ကျပ် ( ၃) လစာတစ်ဦးလျှင် (၃၀၀၀၀/-) ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ( ၃၁၈၆၀၀၀၀/-)ကျပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ ၊လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ၊ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့်စာရေးဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment