Pages

Pages

ကျောက်ဖြူမြို့နယ်တွင် မိုးစပါးများကို လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး စပါးခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ




MNP ၊ အောက်တိုဘာ  ၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် မိုးစပါးများကို လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး စပါးခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးဦးစီးဌာနမှ သိရသည်။


ကျောက်ဖြူမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ပျိုးရန်လျာထားဧက ၄၆၁၉၈ ဧက လျာထားခဲ့ပြီး အမှန်စိုက်ဧက ၄၆၈၁၈ ဧက စိုက်ပျိုးနိုင်ခဲ့ရာ လျာထားဧကထက် ၆၂၀ ဧက ပိုမို စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မျိုးစေ့ထုတ်စိုက်ခင်းနှင့် မိုးစပါးစံပြကွက်များ ဆောင်ရွက်ရာတွင် ဌာနမှမျိုးစေ့များကို တစ်ဧကလျင် တစ်တင်းနှုန်းဖြင့် အခမဲ့ထောက်ပံ့ခြင်းများ၊ နည်းပညာပံ့ပိုးမှု ဆောင်ရွက်ခြင်းများ၊ တောင်သူများ မိုးစပါးစိုက်ပျိုးမှု အဆင်ပြေစေရန် လယ်ထွန်စက် များ အခမဲ့ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ပေးကြောင်းနှင့် စိုက်ပျိုးသည့်စပါးမျိုးများမှာ ဆင်းသွယ်လတ်၊ ဆင်းသုခ၊ ရွှေဝါထွန်း၊ ရွှေတစ်ဆုပ်၊ ပေါ်ဆန်းရင်၊ ယိုးဒယားကောက်ကြီးစပါးနှင့် အခြားမျိုးကွဲများကို စိုက်ပျိုးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။ 


 အဆိုပါ မိုးစပါးများကို ဇွန်လနှင့် ဇူလိုင်လများတွင် စတင်ပျိုးထောင်ထားရှိပြီး ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လများတွင် စိုက်ပျိုးမှုများပြီးစီးကာ နိုဝင်ဘာလ နောက်ဆုံးအပတ်မှစ၍ ဇန်နဝါရီလအထိ စပါးများကိုရိုက်သိမ်းမည်ဖြစ်ကြောင်း သိရှိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment