Pages

Pages

ရမ်းဗြဲမြို့၌ ဒေသခံပြည်သူများအား စားသုံးဆီများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ





MNP ၊ အောက်တိုဘာ  ၄

ရခိုင်ပြည်နယ်၊  ကျောက်ဖြူခရိုင်၊  ရမ်းဗြဲမြို့၌  ဒေသခံပြည်သူများအား  စားသုံးဆီများကို  ပြင်ပဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ  ယနေ့ မွန်းလွှဲပိုင်းအချိန်က  စားသုံးဆီများကို သက်သာသော  ဈေးနှုန်းများဖြင့် လာရောက် ရောင်းချပေးခဲ့သည်။


ထိုသို့  စားသုံးဆီများအား သက်သာသော  ဈေးနှုန်းဖြင့်  လာရောက်ရောင်းချရာတွင်  ရမ်းဗြဲမြို့နယ်  စားသုံးသူရေးရာဦးစီးဌာနမှ  မြို့နယ်တာဝန်ခံ  ဦးရွှေကျော်မိုး  ဦးဆောင်၍  ရခိုင်ပြည်နယ်  ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ရမ်းဗြဲမြို့နယ် ကိုယ်စားလှယ်  ဒေါ်ခင်သန်းရွှေ  ဦးဆောင်သောအဖွဲ့က  စားသုံးဆီများကို  ကာလပေါက်ဈေးထက်  သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီ တစ်ပိဿာလျှင် ငွေကျပ်  ၄၇၀၀/-နှုန်းဖြင့်  လူတစ်ဦးလျှင်  တစ်ပိဿာနှုန်းနှင့် စားသုံး ဆီများကို (၂-၁၀-၂၀၂၃) ရက်နေ့က  ရမ်းဗြဲမြို့ အမှတ်(၁)ရပ်ကွက် ၊ (၃-၁၀-၂၀၂၃) ရက်နေ့က  ရမ်းဗြဲမြို့ ကျက်သရေရွာ၊ (၄-၁၀-၂၀၂၃) ရက်နေ့တွင်  ရမ်းဗြဲမြို့ အမှတ်(၄) ရပ်ကွက်များသို့ တစ်ရက်လျှင် ဆီ(၅၅၀)ပိဿာနှုန်းဖြင့် (၃)ရက် စုစုပေါင်းဆီ (၁၆၅၀)ပိဿာကို  ဒေသခံပြည်သူများထံသို့ လာရောက် ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။   


အောင်တင်ကြည်

https://t.me/MyanmarNationalPost




No comments:

Post a Comment