ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များအား မြေပြင် ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များအား မြေပြင် ကွင်းဆင်းစစ်ဆေး




MNP ၊ အောက်တိုဘာ ၂၅

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များအား ယမန်နေ့  နေ့လယ် ၁ နာရီ အချိန်  မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။


ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်စိုးနိုင်ဦးဆောင်၍ တပ်ဖွဲ့ဝင် များ က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များတွင် ဆီဖြည့်နေစဉ် မီးလောင်မှု၊ မီး လန့်မှုများ၊ မဖြစ်ပွားစေရန် နှင့် စက်သုံးဆီသိုလှောင်ထားရှိမှုများသည် မီးသတ်ဦးစီးဌာနမှ သတ်မှတ် ထားသော စည်း ကမ်း ချက်များ နှင့် ကိုက်ညီမှုရှိမရှိ  ၊ စက်သုံးဆီဆိုင်များတွင် မတော်တဆ မီးလောင်မှုဖြစ်ပွားပါက  မီးငြိမ်းသတ် ဆေး ဘူးများ ထားရှိကာ အသုံးပြုတတ်စေရေး ၊ စက်သုံးဆီဆိုင်များတွင် အများပြည်သူများ သိရှိစေရေး အတွက် မီးဘေး လုံခြုံ ရေး ပညာပေးဆိုင်ဘုတ်များ ထားရှိစေရေး  စသည့်တို့ကို အကြုံပြုကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။  


သက်လွင်စိုး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)