ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်၌ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်၌ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူ


MNP ၊ အောက်တိုဘာ ၄

ရန်ကုန်တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုး သိန်းနှင့်ကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီးဝန်ကြီးများသည် အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ကျီစုအရှေ့ကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်ခရိုင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များပူးပေါင်း၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတွင် တစ်ခုအပါ အဝင်ဖြစ်သည့် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝန်ထမ်းများနှင့် ကော်မတီဝင်များက ကျီစုကျေးရွာအတွင်း တစ်အိမ်တက်ဆင်း သွားရောက်၍ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ အိမ်ထောင်စုဆိုင်ရာ မေးခွန်းအချက်အလက်များ မေးမြန်းကောက်ယူနေမှုကို လှည့်လည်ကြည့်ရှုပြီး ဒေသခံပြည်သူများအား စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရခြင်းအကြောင်းနှင့် မှန်ကန်စွာဖြေကြားခြင်းဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ရေး ရှင်းလင်းပြောကြားကာ ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ယခု စမ်းသပ်သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်မည့် လူဦးရေနှင့်သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းမဆောင်ရွက်မီ တစ်နှစ်အလိုဖြစ်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး၌ မြို့နယ် ၂၀ ကို ရွေးချယ်သတ်မှတ်၍ စုစုပေါင်းကောက်ကွက် ၁၀၀ ကို ပြည်လုံးကျွတ်အဆင့် ကောက်ယူမည့် အစီအစဉ်အတိုင်း ကောက်ယူခြင်းဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် Mobile Tablet များ အသုံးပြုကာ Computer Ass-isted Personal Interviewing (CAPI) စနစ်ဖြင့် အစုအဖွဲ့အတွက် မေးခွန်း ၁၈ ခု၊ အိမ်ထောင်စုများအတွက် မေးခွန်း ၆၈ ခုကို မေးမြန်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။


ဆန်းကျော်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)