MNP ၊ အောက်တိုဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးဆက်သစ်အားကစား သမား ပေါ်ထွက်လာစေရန်အတွက် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသား ပိုက်ကျော် ခြင်းပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ရွှေကျွန်းမြေ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပကြောင်း သိရသည်။
ထိုပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အားကစားအသင်း (၈) သင်း၊ အားကစားသမား (၄၀) ဦးဖြင့် အောက်တိုဘာ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ ကျင်းပသွား မည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်ထွန်းက ပြောကြားသည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးကြကြောင်း သိရသည်။
မျိုးဝင်းညို
https://t.me/MyanmarNationalPost
No comments:
Post a Comment