MNP ၊ အောက်တိုဘာ ၂၄
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေဖြင့် ရယူဆောင်ရွက်မည့် အခြေခံမဝါယမအသင်းသား တောင်သူများအား သွင်းအားစုစရိတ် ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီက ပုဏ္ဏားကျွန်းမြို့နယ် သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်စီမံကိန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမောင်စံဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးဇော်အောင်က အရင်းမပျောက်နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေဖြင့် အကောင် အထည် ဖော်ဆောင်ရွက်မည့် စီမံကိန်းကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် သမဝါယမကဏ္ဍ နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေဖြင့် သွင်းအားစု စိုက်ပျိုးမည့် အခြေခံသမဝါယမအသင်း(၆)သင်းသို့ စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သွင်းအားစုမတည်ရန်ပုံငွေများအား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါရန်ပုံငွေများလွှဲပြောင်းပေးအပ်ရာတွင် နာရီကန်ကျေးရွာ ရှေ့ဆောင်သမဝါယမအသင်း၊ နတ်ဆိပ်ကျေးရွာ ရွှေဝါရောင်သမဝါယမအသင်း၊ တန်းစွယ်ကျေးရွာ မြတ်စွယ်တော် သမဝါယမအသင်း၊ သဲတက်ကျေးရွာ ဂစ္ဆပရွှေဝါ သမဝါယမအသင်း၊ င/ပြောက်ဆည်ကျေးရွာ မြရတနာ သမဝါယမအသင်းနှင့်ကွန်းတောင်ကျေးရွာ ရွှေမြေသမဝါယမအသင်းများသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်ရန်ပုံငွေ ကျပ်သန်း ၁၀၀ တိတိကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment