Pages

Pages

ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ် တို့မှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား မွမ်းမံသင်တန်းများ ဆက်လက်ပို့ချပေးလျက်ရှိကြောင်း သိရ




MNP ၊ အောက်တိုဘာ ၂၃

ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ် တို့မှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား မွမ်းမံသင်တန်းများ ဆက်လက်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မြို့နယ်များတွင် KIA, PDF အကြမ်းဖက်ဘေးအန္တရာယ်ကာကွယ်ရေး ပြည်သူ့စစ်ဖွဲ့စည်းနိုင်ရေး ဆရာတော်ဦးဝါသဝ ဦးဆောင်သော အဖွဲ့မှ လိုက်လံစည်းရုံးဆောင်ရွက်ခဲ့ပြီး ပြည်သူ့စစ်ဖွဲ့စည်းထားသော ကျေးရွာများကို KIA, PDF အကြမ်းဖက်သမားများ ဝင်ရောက်နိုင်ခြင်း မရှိတော့ဘဲ အကြမ်းဖက်ဘေးအန္တရာယ် လျော့ပါးလာခဲ့သည်။

ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို မွမ်းမံသင်တန်းများ စဉ်ဆက်မပြတ် ပို့ချပေးလျက်ရှိပြီး နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ အကြမ်းဖက်နှိမ်နင်းရေး လှုပ်ရှားမှုများတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

           

https://t.me/MyanmarNationalPost

No comments:

Post a Comment