Pages

Pages

PDF အမည်ခံအကြမ်းဖက်သမားများက ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနား လမ်းရှိ အောင်တံခွန်ငါးလေလံဈေးအတွင်းသို့ Drop ဗုံးများပစ်ချတိုက်ခိုက်ကြောင့် အသက်(၁၄)နှစ်အရွယ်ကလေး ၁ ဦး ထိခိုက်ဒဏ်ရာရရှိ


MNP ၊ အောက်တိုဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ အောင်တံခွန်ငါးလေလံဈေးအတွင်းသို့  PDF အမည်ခံအကြမ်းဖက်သမားများက Drone အသုံးပြု၍ ဗုံးသီးများပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ အောင်တံခွန် ငါးလေလံဈေးအား PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့မွန်းလွဲပိုင်းတွင် ဈေး၏ အနောက်မြောက်ဘက်မီတာ ၅၀၀ ခန့်အကွာမှနေ၍ Drone အသုံးပြု၍ Drop ဗုံးများဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဈေးဝယ်နေသည့် အသက်(၁၄)နှစ်အရွယ် ကလေး ၁  ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သူအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ အများ ပြည်သူများ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဒေသခံပြည်သူများ အေးချမ်းစွာ ဈေးရောင်း/ဈေးဝယ်ပြုလုပ်နေသည့် ဈေးအတွင်းသို့  Drop ဗုံးများ ပစ်ချ တိုက်ခိုက်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။  

           

https://t.me/MyanmarNationalPost

No comments:

Post a Comment