ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာအုပ်စုတွင် ထင်းအစားအခြားလောင်စာသုံးစွဲရေး အသိပညာပေးဟောပြောပြီး စွမ်းအားမြှင့် အေဝမ်းမီးဖို ၆၀လုံး အခမဲ့ဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာအုပ်စုတွင် ထင်းအစားအခြားလောင်စာသုံးစွဲရေး အသိပညာပေးဟောပြောပြီး စွမ်းအားမြှင့် အေဝမ်းမီးဖို ၆၀လုံး အခမဲ့ဖြန့်ဝေ



MNP ၊ အောက်တိုဘာ ၂၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ထင်းအစားအခြားလောင်စာသုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပြီး စွမ်းအားမြှင့်အေဝမ်းမီးဖိုအလုံး (၆၀) အခမဲ့ဖြန့်ဝေပေးခြင်းကို  ယမန်နေ့မွန်းလွဲ ၂ နာရီ က ဇင်ပြွန်းကျေးရွာ အုပ်စု ဓမ္မာရုံ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဖြန့်ဝေဆောင်ရွက်ရာတွင် ငဖဲမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မင်းသိန်းက ကျေးရွာပြည်သူများအနေဖြင့် ထင်းအစားအခြားလောင်စာသုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်၊ သဘာဝတောများ ထိခိုက်ပျက်စီမှုလျော့နည်း သက်သာစေရန်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရန်နှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲများပြုလုပ်၍ စွမ်းအားမြှင့် အေဝမ်းမီးဖိုများ ပေးအပ်ရခြင်းဖြစ်ကြောင်းနှင့် မီးဖိုသုံးစွဲခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး စွမ်းအားမြှင့်အေဝမ်းမီးဖိုသုံးစွဲမှုလမ်းညွှန် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးသည်။


ထို့နောက် ငဖဲမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မင်းသိန်း နှင့် ဝန်ထမ်းများက ဇင်ပြွန်းကျေးရွာအုပ်စုရှိ ဇင်ပြွန်းကျေးရွာ၊ ဂုတ်ဝကျေးရွာနှင့် ပျဉ်းဝကျေးရွာများ အတွက် တစ်ရွာလျှင် စွမ်းအားမြှင့် အေဝမ်းမီးဖို အလုံး(၂၀)နှုန်းဖြင့် စုစုပေါင်းမီးဖို အလုံး(၆၀) ကို မဲဖောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


မယု

https://t.me/MyanmarNationalPost








No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)