ကျွန်းစုမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျွန်းစုမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ






MNP ၊ အောက်တိုဘာ   ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ အ.လ.က (မရမ်းချောင်း)ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။


ရှေးဦးစွာ အခြေခံပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက “လူကုန်ကူးမှုအကြောင်းသိကောင်းစရာ” ခေါင်းစဥ်ဖြင့်လည်းကောင်း၊  အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ပပထွန်းက “အားကစားကဏ္ဍမြှင့်တင်ရေးအကြောင်းသိကောင်းစရာ” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီနွဲ့က “ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အကြောင်းသိကောင်းစရာ” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မီးသတ်ဦးစီးဌာန၊  ဦးစီးအရာရှိ ဦးတင်ထွန်းနိုင်က  သဘာဝဘေး  ကျရောက်လာပါက  ဆောင်ရန်၊ရှောင်ရန် အချက်များအား ဟောပြောပြီး၊ တပ်ဖွဲ့ဝင်များက အသက်ကယ်အင်္ကျီ ဝတ်ပြနည်းများကို သရုပ်ပြဝတ်ပြခဲ့ပြီးနောက်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု မှတ်သားခဲ့သည်။


အလားတူအ.ထ.က.(ခွဲ)ကတန်နှင့် အ.မ.က(မူလွန်) ကဒဲကဒွတ်ကျောင်းတို့၌ နံရံကပ်စာစောင်များပြသခြင်းနှင့် အသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


စိုးစိုးသွယ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)