ကြံခင်းမြို့နယ်တွင် အယ်လ်နီညို ရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်တွင် အယ်လ်နီညို ရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး


MNP ၊ အောက်တိုဘာ  ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ကြံခင်းမြို့နယ်အတွင်း အယ်လ်နီညို ရာသီဥတုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင် ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှု ရက်သတ္တပတ်အနေဖြင့် ယမန်နေ့နံနက်က ကြံခင်းမြို့နယ်၊ ကဇင်းကြီး ကျေးရွာအုပ်စု ၊သမ္ဘရာအင်းကြီးကျေးရွာ လူထုဗဟိုပြု ဘက်စုံသုံးခန်းမ၌ ငါးမွေးမြူရေးတောင်သူများအား အသိပညာပေးခြင်းများ   ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်အောင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဒေါ်အေးမြင့်ဦးက အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေး ကဏ္ဍအပေါ် သက်ရောက်နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရန်၊ ငါးများအစာနှင့် ရေရှားပါးခြင်း၊ အဟာရမပြည့်ဝခြင်း၊ ကူးစက်ရောဂါများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားသင့်သည်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး၊ မြန်အောင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများက အသိပညာပေး လက်ကမ်းစာစောင်များ   ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)