Pages

Pages

ကျောက်ဖြူမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်နှိုးဆော်




MNP ၊ အောက်တိုဘာ  ၁၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့ပေါ်ရပ်ကွက်များရှိိ ပြည်သူများမီးပေါ့ဆမှုမရှိရေးနှင့် မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြသည်။


ထိုသို့ အသိပေးနှိုးဆော်ရာတွင် မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးချစ်မင်းနိုင်နှင့်တပ်ဖွဲ့ဝင်များက ယခုအခါ ပူပြင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီ ဖြစ်ပါသဖြင့် မီးကို အထူးဂရုပြုသုံးစွဲရေး၊ သတ်မှတ်ထားသည့် မီးသုံးစွဲချိန်အတိုင်း အသုံးပြုရေး၊ နေအိမ်များ၌ မီးလောင်လွယ်သည့် စက်သုံးဆီ၊ လောင်စာဆီများ သိုလှောင်ထားခြင်းမပြုရေး၊ မီးကြွင်း၊ မီးကျန်များ စနစ်တကျ ငြိမ်းသတ်ထားရှိစေရေး၊ ဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများအား လဲလှယ် အသုံးပြုကြစေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပစ္စည်းများဖြစ်သော ရေကန်၊ သဲအိတ်၊ မီးချိတ်၊ မီးကတ်၊ မီးသတ် ဆေးဗူးများထားရှိရေးနှင့် ပြည်သူများ မီးပေါ့ဆမှုမရှိရေးတို့ကို လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment