Pages

Pages

ကျောက်ဖြူမြို့၌ ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဝက်သား၊ ကြက်သားနှင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ






MNP ၊ အောက်တိုဘာ  ၁၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဒေသခံပြည်သူများနှင့်  ဌာနဆိုင် ရာဝန်ထမ်းများအား  စားသောက်ရေးများအဆင်ပြေစေရန်နှင့် ၎င်းတို့လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်စေရန်အတွက် ယနေ့ နံနက်ပိုင်းက အလယ်ပိုင်းရပ်ကွက်ရှိ နာရီစင်ကွင်းနေရာ၌ ဝက်သား၊ ကြက်သားနှင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာ စွာဖြင့် ရောင်းချပေးလျက်ရှိသည်။


ထိုသို့ ဝက်သား၊ ကြက်သားနှင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက်သက်သာသော ဈေးနှုန်း များဖြင့် ရောင်းချပေးနေမှုအပေါ် “ယခုကဲ့သို့စားသောက်ရေးအခက်အခဲဖြစ်ပေါ် နေချိန်တွင် သက်သာ သောဈေးနှုန်းဖြင့် ရောင်းချပေးသည့်တာဝန်ရှိသူများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက် လက်၍လည်း လာရောက်ရောင်းချပေးစေလိုပါကြောင်း” ဈေးလာရောက်ဝယ်သူသည့် ပြည်သူတစ်ဦးမှ ပြောကြားသည်။ ယင်းသို့ ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဝက်သား၊ ကြက်သားနှင့် ကြက်ဥများကို ရောင်းချပေးလျက်ရှိရာ ဒေသခံပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက တစ်ခဲနက်ဝယ်ယူခဲ့ ကြကြောင်း သိရှိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment