Pages

Pages

ရ‌သေ့တောင်မြို့ တောင်ရင်းတန်းရပ်ကွက် ဂူဝသောက်ရေကန်အား စုပေါင်းသန့် ရှင်းရေးဆောင်ရွက်





MNP ၊ အောက်တိုဘာ    ၁၄

    ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရ‌သေ့တောင်မြို့၌ မြို့ရွာများသန့်ရှင်းသာယာလှပရေးအတွက်တောင်ရင်းတန်းရပ်ကွက်ရှိဂူဝသောက်ရေကန်အား သန့်ရှင်းသာယာလှပရေးအတွက် ယနေ့နံနက် (၇) နာရီအချိန်တွင် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများက စုပေါင်းကုသိုလ်ယူ သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။  


အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များက ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်း​များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက ပူးပေါင်း၍ သောက်ရေကန်ဘေးပတ်လည်တွင်ရှိသော ခြုံနွယ်၊ပေါင်းပင်၊မြက်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း အမှိုက်ကောက်ခြင်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြပြီး အမှိုက်များကို မြို့နယ်စည်ပင်သာယာရေး အမှိုက်သိမ်းကားဖြင့် သတ်မှတ်ထားသောနေရာ၌ စနစ်တကျ စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။   


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment