Pages

Pages

ပေါင်မြို့နယ်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်





MNP ၊ အောက်တိုဘာ    ၁၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မြို့သန့်ရှင်းသာယာရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းကာ  သန့်ရှင်းရေးများ ပူးပေါင်း  ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၇)နာရီက  ကဒါရပ်ကွက် ရွှေတိဂုံဖူးမျှော် ဘုရားတွင် ဌာနဆိုင်ရာဝန်ထမ်းများ ပြည်သူလူထုများ၊ပရဟိတအဖွင့်ဝင်များက ဘုရားစေတီတော် ရင်ပြင်နှင့် ဘုရားကျောင်းဝင်း  အတွင်းအပြင်များနှင့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။


စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်  ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုကူညီရေး ပရဟိတအဖွဲ့များတို့ စုပေါင်းကာ ပတ်၀န်းကျင်စိမ်းလမ်းစိုပြေရေး၊ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက်   စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို  တပျော်တပါး ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။


ပေါင်မြို့နယ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးတို့အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိပြီး မြို့တွင်းလမ်းများ၊ ရေနုတ်မြောင်းများ၊စာသင်ကျောင်း၊ ဆေးရုံ စသည့် အများပြည်သူအသုံးပြုရာ နေရာများကို ဦးစားပေးကာ လိုက်လံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment