အစ္စရေး၏ အဓိက ရည်မှန်းချက်မှာ ဂါဇာရှိ ဟားမတ်စ် စခန်းအားလုံးကို ဖျက်ဆီးရန်ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဦးစီးချုပ် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစ္စရေး၏ အဓိက ရည်မှန်းချက်မှာ ဂါဇာရှိ ဟားမတ်စ် စခန်းအားလုံးကို ဖျက်ဆီးရန်ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဦးစီးချုပ် ပြောကြား


တယ်လ်အဗွီ၊ အောက်တိုဘာ ၉

အစ္စရေး၏ အဓိကရည်မှန်းချက်မှာ ဂါဇာကမ်းမြှောင်ရှိ ပါလက်စတိုင်းအစွန်းရောက်အဖွဲ့ ဟားမတ်စ်၏ နေရာအားလုံးကို ဖျက်ဆီးရန်ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

"ဂါဇာကမ်းမြှောင်မှာ တိုက်ခိုက်မှုတွေ သိသိသာသာ ပြင်းထန်လာဖို့ ကျွန်တော် အမိန့်ချလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်က ဟားမတ်စ်ပစ်မှတ်အားလုံးကို ဖျက်ဆီးပစ်ဖို့ပါပဲ" ဟု အစ္စရေး အစိုးရပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယို အသံလွှင့်ဌာန Kan က ကာကွယ်ရေးဦးစီးချုပ်ကို ကိုးကား၍ ပြောကြားခဲ့သည်။

အစ္စရေးကာကွယ်ရေးဝန်ကြီး Gallant က တနင်္လာနေ့အစောပိုင်းတွင် အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသကို လုံးဝပိတ်ဆို့ထားသည်ဟု ပြောကြားခဲ့သည်။ စွမ်းအင်ဝန်ကြီး Israel Katz က သတ်မှတ်ထားသည့်အတိုင်း ဂါဇာကမ်းမြှောင်သို့ လျှပ်စစ်နှင့် လောင်စာဆီ ထောက်ပံ့မှုများကို တနင်္ဂနွေနေ့တွင် ဖြတ်တောက်ခဲ့ပြီး ရေပေးဝေမှုများကို တနင်္လာနေ့တွင် ရပ်ဆိုင်းမည်ဖြစ်သည်။

အစ္စရေးဘက်မှ ရရှိသော အချက်အလက်တွေအရ အောက်တိုဘာ ၇ ရက်ကတည်းက ဂါဇာကမ်းမြှောင်ကနေ ဒုံးကျည် ၄၀၀၀ ကျော် ပစ်ခတ်ခဲ့ပြီး အဲဒီထဲက တစ်ခုက အစ္စရေးရဲ့ Ben Gurion လေဆိပ်အနီးမှာ ကျရောက်ခဲ့သည်။ ဂါဇာကမ်းမြှောင်ရှိ ပါလက်စတိုင်း အစွန်းရောက်များ၏ နေရာ ၁၃၀ ကို အစ္စရေး တိုက်ခိုက်ရေး လေယာဉ်များက သုံးနာရီကျော်ကြာ တိုက်ခိုက်ခဲ့သည်။


Ref - TASS

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)