MNP ၊ အောက်တိုဘာ ၁၀
ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမိသားစုမှ ရေဘေးသင့်စာသင်တိုက်များ၊ လူနေရပ်ကွက်များအား စားသောက်ဖွယ်ရာများလှူဒါန်း မှုများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီးမိသားစုမှ တိုင်းဒေသကြီးပါတီဥက္ကဋ် ဌဦးရဲမြင့်ထွန်း၏ မြေပြင် ကွင်းဆင်း ဦးဆောင်ကွပ်ကဲ လှုပ်ရှားမှုနှင့်အတူ စတုတ္ထအကြိမ် ပဲခူးမြစ်ရေကြီးခြင်း၏ သဘာဝဘေးဒဏ်အားခံစားနေရသော ပဲခူးမြိုနယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များ၊ လူနေရပ်ကွက်များသို့ အသင့်စားထမင်းဗူးများ လှူဒါန်း ဆက်ကပ် ဝေငှခြင်း ကူညီကယ်ဆယ်ခြင်းတို့အား အောက်တိုဘာ (၈) ရက်နေ့နံနက်ပိုင်းမှ စတင်၍ ဆောင်ရွှက်ပေးလျက်ရှိသည်။
အောက်တိုဘာလ(၉)ရက်နေ့နံနက်ပိုင်းကလည်း တိုင်းဒေသကြီးပါတီဥက္ကဋ် ဌဦးဆောင်သောအဖွဲ့သည် ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်များလိုက်ပါလျှက် ပဲခူးမြို့အတွင်းရှိ ကြခတ်ဝိုင်းစာသင်တိုက်တွင် ဝါဆို/ ဝါကပ်သီတင်းသုံးတော်မူသော သံဃာတော်အပါး(၂၅၀)အတွက် အသင့်စားထမင်းဗူးများ၊ ရေသန့်ကဒ်၊ အချိုရည်ဗူးများ၊ ခေါက်ဆွဲခြောက်ဖာများအား သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ပြီး ရေကြီးနစ်မြုပ်နေသော ပန်းလှိုင်ရပ်ကွက်၊ ပုဏ္ဏားစုရပ်ကွက်၊ မှော်ကန်ရပ်ကွက်များရှိ ပြည်သူအများအား အသင့်စားထမင်းထုပ်များ အိမ်အရောက်သွားရောက်ဝေငှခြင်း ကယ်ဆယ်ရေးစခန်းများသို့လှူဒါန်းခြင်း၊ နေအိမ်များတွင် ပိတ်မိနေသော သက်ကြီးရွယ်အိုများ ပြည်သူအများအား နေအိမ်များမှရေလွတ်ရာသို့ ကူညီကယ်ထုတ်ခြင်း၊ နေရာရွှေ့ပြောင်းခြင်းတို့အား ဆောင်ရွက်ခဲ့ပြီး ညပိုင်းတွင် ဖယောင်းတိုင်အထုပ်များ၊ အသင့်စားထမင်းဗူးများ၊ ရေသန့်ကဒ်များအား လိုက်လံပို့ဆောင်လှူဒါန်းပေးခဲ့ကြသည်။
ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်ကို ကျော်လွန်လာခြင်းကြောင့် ပဲခူးမြို့တွင် ရေကြီးရေလျံမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment