MNP ၊ အော်တိုဘာ ၃၁
မြန်မာသံရုံး၊ ပရာ့ဂ်မြို့မှ သံရုံးယာယီတာဝန်ခံ ဒေါက်တာထွန်းနောင်သည် ချက်သမ္မတနိုင်ငံ ၏ အမျိုးသားနေ့အထိမ်းအမှတ်အခါသမယအဖြစ် ၂၈-၁၀-၂၀၂၃ ရက်နေ့တွင် Prague Castle ရှိ Rothmayer ခန်းမ၌ ကျင်းပခဲ့သည့် ချက်နိုင်ငံသမ္မတ Petr Pavel နှင့် သံတမန်အဖွဲ့များ နိုင်ငံအလိုက် တွေ့ဆုံခြင်းအခမ်းအနားသို့ မြန်မာသံရုံး၊ ပရာ့ဂ်မြို့မှ သံရုံးယာယီတာဝန်ခံ ဒေါက်တာထွန်းနောင် တက်ရောက်၍ သမ္မတအား တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။
ထို့အပြင် မြန်မာသံရုံး ယာယီတာဝန်ခံသည် ၂၉-၁၀-၂၀၂၃ ရက်နေ့၊ ညနေပိုင်းတွင် Prague Castle ရှိ Vladislav ခန်းမ၌ ချက်နိုင်ငံသမ္မတ Petr Pavel က ချက်နိုင်ငံ၏ အကျိုးအတွက် နယ်ပယ်ပေါင်းစုံတွင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ချက်နိုင်ငံသားများအား ဆုတံဆိပ်များ ချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment