မြောက်ဦးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ





MNP ၊ အောက်တိုဘာ ၂၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများရှိပြည်သူများအား မီးပေါ့ဆမှုမရှိရေးနှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေးပိုစတာများကို ယနေ့ နံနက် ၉ နာရီအချိန်က အများပြည်သူသိရှိနိုင်စေရန် လမ်းဆုံနေရာများတွင် စိုက်ထူခဲ့သည်။


အဆိုပါ မီးဘေးအန္တရာယ်အသိပညာပေး မြေစိုက်ပိုစတာဆိုင်းဘုတ်တွင် “သင့်ကြောင့် မီးမ လောင်ပါစေနှင့်” ၊မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ဆက်သွယ်နိုင်ရန် အရေးပေါ်ဖုန်းနံပါတ်များ စသည့် အသိပညာပေးပိုစတာများကို အများပြည်သူမြင်သာသည့် အလယ်ဈေးရပ်ကွက် လမ်းဆုံ၊ ဒိုင်းကျီ၊ အောင်စေတီယာယီခိုလှုံရာစခန်းနှင့် မြို့ပေါ်ရပ်ကွက်များတွင် မြောက်ဦးခရိုင်/ မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပူး ပေါင်း၍ စိုက်ထူခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)