နောင်တရားဒေသ မိုးနှောင်း စကအာလူးအထွက်နှုန်းလျော့နည်းလာနိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်တရားဒေသ မိုးနှောင်း စကအာလူးအထွက်နှုန်းလျော့နည်းလာနိုင်




MNP ၊ အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသ၌ မိုးနှောင်းကာလတွင် စိုက်ပျိုးကြသည့် စကအာလူးများ အထွက်နှုန်းလျော့ နည်းလာနိုင်ကြောင်း အာလူးစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။


“မိုးနှောင်းကာလအစောပိုင်းမှာ စိုက်ပျိုးတဲ့ စကအာလူးတွေ အထွက်နှုန်းလျော့နည်း လာနိုင်ပါတယ် ယခုနှစ် မိုးများတဲ့အတွက် အာလူးပင်ညိုးတာ၊ အာလူးမျိုးပုပ်တာတွေ အတော် များများဖြစ်တယ် ရေတိုက်စားခံရတာတွေလဲ ဖြစ်ကြပါတယ်၊ နောက်ကျစိုက်တဲ့ တောင်သူတွေ လောက်ဘဲ ကျန်တော့မယ် အားလုံးဆုံးရှုံးသွားတာမျိုးတော့ မဟုတ်ပါဘူး စကအာလူးစိုက်ပျိုး ဧက လေးပုံ တစ်ပုံလောက်တော့ ဖြစ်ကြပါတယ်” ဟု ကန်တန်ကျေးရွာမှာ စကအာလူးစိုက်ပျိုး သည့်တောင်သူတစ်ဦးကပြောသည်။


မိုးများခြင်းကြောင့် အာလူးပင်ညိုးကျခြင်း၊ အာလူးမျိုးပုပ်ခြင်းဖြစ်ပွားလျက်ရှိပြီး  ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း ထွက်ရှိမည့် စကအာလူးများ အထွက်နှုန်း လျှော့နည်းလာနိုင်ကြောင်း အဆိုပါတောင်သူက ခန့်မှန်းပြောဆိုသည်။ မိုးကျိုကာလအတွင်း စိုက်ပျိုးသည့် အာလူးများ တူဖော်လျက်ရှိပြီး အာလူးအမျိုးအစားနှင့် အာလူးအရွယ်အစားပေါ် မူတည်၍  ၁ ပိဿာလျှင် ကျပ် ၁၂၀၀ မှ ကျပ် ၃၀၀၀ အထိ အောင်ပန်းကုန်စည်ဒိုင်၌ အရောင်းအဝယ် ပြုလုပ်နေကြကြောင်းသိရသည်။


ခွန်အောင်

https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)