ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ သံဃာတော်များအား အသည်းရောင်/အသားဝါဘီပိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ သံဃာတော်များအား အသည်းရောင်/အသားဝါဘီပိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ကြည့်ရှုအားပေး




MNP ၊ အောက်တိုဘာ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဉတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးလျက်ရှိသည့် သံဃာတော်များအား အစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း(မြန်မာ)မှ ကမ္ဘာ့အသည်းရောင် ရောဂါနေ့အထိမ်းအမှတ် အသည်းရောင်/အသားဝါဘီပိုးရောဂါကာကွယ်ဆေးထိုးနှံခြင်း အခမ်း အနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင် ၃၀၀ ၌ ကျင်းပခဲ့သည်။


အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြား‌ရေးမှူးချုပ် ဦးမင်းရွှေလွင်၊ တိုင်းကျန်းမာ‌ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုး၊ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းဖောင်ဒေးရှင်း(မြန်မာ)မှ နာယကကြီး ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် (ငြိမ်း) နှင့်အလှူရှင် Ever Meter Co.,Ltd မှ ဦးမျိုးအောင်၊ အသည်းအထူးကု ပါရဂူ ဒုတိယဗိုလ်မှူးကြီး (အငြိမ်းစား) ပါမောက္ခဒေါက်တာ ကျော်စိုးထွန်းနှင့် ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များ တက်ရောက်ကြသည်။


ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင် ၃၀၀ မှ ဆေးရုံအုပ်နှင့် လက်‌ထောက်ဆရာဝန်(ဆေးပညာ)၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ ‌တပ်မတော် ဆေးသုတေသနမှ ဗိုလ်ကြီးစိုးမိုးမြင့်နှင့်အဖွဲ့က ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်များအား  အပူချိန်တိုင်းပေးခြင်း၊ စာရင်းသွင်းခြင်း၊ သွေးဖောက်စစ်ဆေးခြင်း၊ အသည်း‌ရောင်/ အသားဝါ ရောဂါဘီပိုးကာကွယ်ဆေးထိုးနှံပေးခြင်း၊  ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။


အဆိုပါ သည်းရောင်/အသားဝါဘီပိုး ကာကွယ်ဆေးထိုးနှံသည့် သံဃာတော်များအား ကာကွယ်ဆေးထိုးနှံခြင်း၏ အကျိုးကျေးဇူး (Talk Show) အားပြသခဲ့ပြီး စေတနာရှင်အလှူရှင် များက သောက်ရေသန့်နှင့် အားဖြည့်အချိုရည်များ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။


ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ စာသင်တိုက်များက ဘုန်းတော်ကြီး ကျောင်း ၇ကျောင်းမှ သံဃာ ၇၆ ပါးတို့အား အစာအိမ် အူလမ်းကြောင်းနှင့် အသည်း ရောဂါဖောင်ဒေးရှင်း(မြန်မာ)မှ ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ် အသည်းရောင် /အသားဝါ ဘီပိုးရောဂါ ကာကွယ် ဆေး ထိုးနှံခြင်းကို အောက်တိုဘာလ ၂၅ ရက်နေ့တွင် ပထမ အကြိမ်အဖြစ်လည်းကောင်း၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ်လည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် တတိယအကြိမ်အဖြစ်လည်းကောင်း သုံးကြိမ် အပြည့် အခမဲ့ထိုးနှံ ပေးသွားမည ဖြစ်ကြောင်း သိရသည်။


သန်းသန်းနွယ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)