MNP ၊ ေအာက္တိုဘာ ၂၆
ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်တွင် သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ကာလအတွင်း ဗြောက်အိုး၊ မီးရှုး၊ မီးဗန်း၊ ဒုံး(ရှူးဒိုင်း)များ ပစ်ဖောက်ခြင်းကို ယမန်နေ့ ညနေပိုင်းအချိန်မှ စတင် ၍ ပြည်သူများသိရှိရန် တားမြစ်ထုတ်ပြန်ကြော်ငြာခဲ့ကြောင်းသိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးရုံး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမ်းမြို့ အမိန့်ကြော် ငြာစာအမှတ် (၄/၂၃)ဖြင့် အမ်းမြို့နယ်တွင် သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ကာလအတွင်း ဗြောက်အိုး၊ မီးရှုး၊ မီးဗန်း၊ ဒုံး(ရှူးဒိုင်း)များ ပစ်ဖောက်ခြင်းများကြောင့် လုပ်သားပြည်သူများအား အထိတ်တလန့်ဖြစ်စေခြင်း၊ မသမာသူများမှ ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးကို ထိခိုက်စေသည့် လုပ်ရပ်များ လုပ်ဆောင်လာနိုင်သည့်အတွက် ဗြောက်အိုး၊ မီးရှုး၊ မီးဗန်း၊ ဒုံး(ရှူးဒိုင်း)များ ပစ်ဖောက်ခြင်းများကို တားမြစ်ခဲ့သည်။
ထို့ကြောင့် ဗြောက်အိုး၊ မီးရှုး၊ မီးဗန်း၊ ဒုံး(ရှူးဒိုင်း)များ ပစ်လွတ်ခြင်း ပစ်ဖောက်ခြင်းမပြုရ၊ လက်ဝယ်မထားရှိရ၊ ထုတ်လုပ်ခြင်း လက်လီလက္ကားရောင်းချခြင်း သိုလ်လှောင်ခြင်း ဖြန့်ဖြူးခြင်းများမပြုလုပ်ရ တားမြစ်မိန့်အား ဖျောက်ဖျက်ကျုးလွန်ပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကြီးကြပ်၍ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ဆက်မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးများ ပူးပေါင်း၍ အများပြည်သူများသိရှိစေရန် ရပ်ကွက်/ကျေးရွာများအတွင်း လှည့်လည်ကြော်ငြာခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment