MNP ၊ အောက်တိုဘာ ၂၆
ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် လားရှိုးမြို့အနီးတစ်ဝိုက်ရှိ ဒေသခံပြည်သူများအား လိုအပ်သောဆေးကုသမှုများဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆေးတက္ကသိုလ် (၁) ရန်ကုန်မြို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သော ဆေးကုသရေးအဖွဲ့သည် လားရှိုးမြို့သို့ လာရောက်ကာ ဆေးကုသပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဆေးကုသရေးအဖွဲ့တွင် ပါမောက္ခ/အထူးကုဆရာဝန်ကြီး (၁၅) ဦးပါဝင်မည်ဖြစ်ပြီး လားရှိုးမြို့ ၊ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ နိုဝင်ဘာလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့များတွင် ဒေသခံပြည်သူများကို ကွင်းဆင်းကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆေးကုသလိုသော ပြည်သူများအနေဖြင့် အောက်တိုဘာလ ၃၁ ရက်နေ့ ညနေ (၄)နာရီနောက်ဆုံးထား၍ လားရှိုးပြည်သူ့ဆေးရုံကြီးအရေးပေါ်နှင့် ပြင်ပလူနာဌာနသို့ ကြိုတင်၍ စာရင်းပေးသွင်းနိုင်ပါကြောင်း အသိပေးနိုးဆော်ထားကြောင်း သိရသည်။
စိုင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment