MNP ၊ အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ အောက်တိုဘာလ ပင်စင်လစာငွေများကို ယမန်နေ့ နံနက် ၈နာရီအချိန်မှ စတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် အောက်တိုဘာလအတွက် အငြိမ်းစားပင်စင်လစာငွေများကို ထုတ်ပေးရာတွင် အောက်တိုဘာလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီအတွင်း ဘဏ်ဖွင့်ရက်များတွင် သတ်မှတ်ထားသည့် နေ့ရက်များအလိုက် ထုတ်ပေးလျက်ရှိကြောင်း၊ အဆိုပါရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါက နိုဝင်ဘာလဆန်းပိုင်းတွင် ထပ်မံထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်းနှင့် နောင်ချိုမြို့နယ်တွင် အငြိမ်းစားပင်စင်လစာငွေ ထုတ်ယူသူ(၁၅၀၀) ဦးရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။
ထွေးငယ်
https://t.me/MyanmarNationalPost
No comments:
Post a Comment