MNP ၊ အောက်တိုဘာ ၂၇
ယနေ့ နံနက်ပိုင်းမှစတင်၍ တပ်မတော်စခန်းများ၊ ရဲစခန်းများ အပါအဝင် အရပ်ဖက်ပစ်မှတ်များကိုပါ တိုက်ခိုက်ဖျက်ဆီးခဲ့သည့် မြောက်ပိုင်း သောင်းကျန်းသူ (၃)ဖွဲ့က ၎င်းတို့၏ အကြမ်းဖက်လှုပ်ရှားမှု ပထမရက် မှတ်တမ်းအဖြစ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်၊ နေ့လယ် (၁) နာရီ (၁၅) မိနစ်တွင် ထုတ်ပြန်ထားသည်။
မြောက်ပိုင်း သောင်းကျန်းသူ (၃)ဖွဲ့ ၏ ထုတ်ပြန်ချက်တွင် -
( ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၀၄:၀၀) နာရီခန့်တွင် MNTJP / MNDAA ၏ တပ်မဟာ ၂၁၁၊ ၅၁၁၊ ၆၁၁ တိုမှ ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ လားရှိး၊ နန်ကျွမ်းဒေသများရှိ စစ်ကောင်စီတပ်များ နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။
မြန်မာစံတော်ချိန် နံနက် (၀၅:၀၀) နာရီခန့်အချိန်ထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ပြီး ချင်းရွှေဟော်တံတား၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုးနှင့် လားရှိးမြိုရှိ စစ်ရေးအဓိကကျသောနေရာ အများအပြားကို မိမိတို့မှ သိမ်းပိုက်ချေမှုန်းနိုင်ခဲ့ပါသည်။ ယခုအချိန်အထိလည်း စခန်းသိမ်းတိုက်ပွဲများအပါအဝင် တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များနေရာအနှံ ဆက်လက်ဖြစ်ပွားလျှက်ရှိသည်။
ရန်သူသည် လေကြောင်း၊ လက်နက်ကြီးများကို ဆက်တိုက်အသုံးပြုပြီး ခုခံနေသကဲ့သို မိမိတိုအနေဖြင့်လည်း ၁၀၂၇ စစ်ဆင်ရေး ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သည်။
စစ်ကောင်စီတိုသည် အောက်တိုဘာလ (၂၆) ရက်နေ့မှစပြီး MNTJP/ MNDAA ၏ နန်ဖာရှမ်းစခန်း၊ မန်တုံပစခန်းနှင့် ပြောက်ကျားလှုပ်ရှားနယ်မြေများကို လေကြောင်းမှတစ်ဆင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် MNDAA မှ တပ်သား (၁) ဦး ကျဆုံးခဲ့ရပြီး (၄) ဦး ဒဏ်ရာရရှိခဲ့ပါသည်။ ထိုအပြင် ဗုံးသီးများရွာထဲသို ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၁) ဦးသေဆုံးခဲ့ရပြီး (၅) ဦး ဒဏ်ရာရရှိခဲ့ပါသည်။
နောက်ဆက်တွဲ တိုက်ပွဲ သတင်းများနှင့် သိမ်းဆည်းရမိ လက်နက်ပစ္စည်း၊ သုံပန်းများကို အချိန်နှင့် တပြေးညီ ဆက်လက်တင်ပေးသွားပါမည်။) ဟု ဖော်ပြထားသည်။
ယနေ့ နံနက်အစောပိုင်းက သောင်းကျန်းသူများ ပစ်ခတ်သည့် လက်နက်ကြီး ကျည်သည် တပ်စခန်းကို ထိမှန်ခြင်း မရှိဘဲ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူများ သေဆုံးခဲ့ရသည်။ အကြမ်းဖက် သောင်းကျန်းသူများသည် လားရှိုး - သိန္နီ ကြားရှိ တိုးဂိတ်ကိုလည်း ပစ်ခတ်ဖျက်ဆီးသွားခဲ့ကြပြီး ကွတ်ခိုင်မြို့ပြင်ရှိ လျှပ်စစ်ရုံးကိုလည်း မိုင်းခွဲဖျက်ဆီးသွားခဲ့ကြသည်။
တပ်မတော်နှင့် နီးစပ်သောအသိုင်းအဝိုင်းမှ ဖော်ပြချက်များအရ ယနေ့ ညပိုင်း အကြမ်းဖက် သောင်းကျန်းသူများကို ပြင်းပြင်းထန်ထန် နှိမ်နင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment