သေတွင်းထဲကို တွန်းပို့ခြင်းခံနေရတဲ့ အပြစ်မဲ့ ပြည်သူတွေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သေတွင်းထဲကို တွန်းပို့ခြင်းခံနေရတဲ့ အပြစ်မဲ့ ပြည်သူတွေ

 (အကြမ်းဖက်ဘေးအန္တရာယ်ကို ခါးစည်းခံနေရတဲ့ ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်းကျေးရွာ)


ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်းကျေးရွာက ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ၊ ရွာသူရွာသားတွေ အကြမ်းဖက်ဘေးအန္တရာယ်ကို ကာလရှည်ကြာ ခါးစည်းခံနေရတဲ့ ကိစ္စတွေကို မြန်မာနေရှင်နယ်ပို့စ် က အစောပိုင်းကတည်းက တင်ပြခဲ့ဖူးပါတယ်။ ဒေသခံများနဲ့ ချိတ်ဆက်ပြီး ရိက္ခာပြတ်လပ်နေတဲ့ အခြေအနေများကိုလည်း တင်ပြခဲ့ဖူးပါတယ်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကများ အရေးတယူလုပ်ပြီး အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူများကို ကယ်တင်ပေးလေမလား၊ ပေါက်မြို့နယ်တာဝန်ရှိသူများက တာဝန်ယူ၊ တာဝန်ခံပြီးတော့များ ဆောင်ရွက်ပေးလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အပြုသဘောဆန်ဆန် တင်ပြခဲ့ခြင်းဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်းမှာပဲ People Media က ပေါက်မြို့နယ် ဒီးဒုတ်ကွင်းရွာမှာ PDF အကြမ်းဖက်သမားများ ဝင်ရောက် တိုက်ခိုက်ခိုက်တဲ့အတွက် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ သေဆုံးရတဲ့ အခြေအနေများကို ရုပ်သံထုတ်လွှင့်ပြီး တင်ပြသွားခဲ့ပါတယ်။

နစကအစိုးရရဲ့ မကွေးတိုင်းဒေသကြီးအစိုးရ၊ ပေါက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အကြမ်းဖက်သမားများရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို လက်ပိုက်ကြည့်နေပြီး PDF အကြမ်းဖက်သမားတွေရဲ့ ကြားမှာ ပိတ်မိနေတဲ့ ရွာတွေကို သေတွင်းထဲမှာပဲ ထားတော့မှာလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

၂၃-၁၀-၂၀၂၃ ရက်နေ့က PDF အကြမ်းဖက်သမားများရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ People Media က တင်ပြခဲ့ပြီး ဖြစ်လို့ ဖြစ်ပေါ်လာတဲ့ ခံပြင်းဒေါသကို မြိုသိပ်ပြီးတော့ပဲ နေလိုက်ပါတယ်။

အခု အဲဒီရွာနဲ့ ဆက်စပ်သူတစ်ဦးက ဖြစ်ခဲ့တဲ့ အခြေအနေကို မြန်မာနေရှင်နယ်ပို့စ် ထံ ဆက်သွယ်ပြောဆိုလာပါတယ်။ 

တာဝန်ရှိသူတွေရဲ့ ကာကွယ်စောင့်ရှောက်ပေးမှုကို ရသင့်တဲ့ ပြည်သူတွေမှာ ကာကွယ်စောင့်ရှောက်ပေးမယ့်သူ မရှိလို့ ကိုယ့်အသက်ကိုယ် ကာကွယ်နေကြတယ်။ ပြည်သူတွေက နိုင်ငံတော်အကြီးအကဲများရဲ့ လမ်းညွှန်ချက်များကို အလေးထားပါတယ်။ အကြမ်းဖက်အန္တရာယ် ကာကွယ်ရေးမှာ ပူးပေါင်းဆောင်ရွက်ပါတယ်။ တိုင်းဒေသကြီးအစိုးရ၊ ခရိုင်/ မြို့နယ် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်နေတဲ့ ပြည်သူတွေကို ကူညီမှုမရှိ သေတွင်းထဲမှာ ပစ်ထားတာကတော့ အရုပ်ဆိုးလွန်းတယ်လို့ ဆိုချင်ပါတယ်။

အောက်ဖော်ပြပါ အခြေအနေဟာ ဒေသခံပြည်သူတစ်ဦး ရေးသားပေးပို့လာသည့်အတိုင်း တင်ပြထားခြင်း ဖြစ်ပါတယ်။ ဒေသခံရဲ့ ရေးသားဖော်ပြချက်မှာ လက်နက်ခဲယမ်းလိုအပ်ချက်ကို အရေအတွက်နဲ့တကွ ပြောဆိုထားပါတယ်။ တာဝန်ရှိသူများ (တာဝန်မဲ့ မသိကျိုးကျွန်ပြုနေနိုင်သူများ) က လက်နက်ခဲယမ်းများကို အရေအတွက်နှင့်တကွ ဖော်ပြလျှင် ပြစ်တင်ပြောဆိုလာမည် ဖြစ်သောကြောင့် ချန်လှပ်ခဲ့ပါသည်။

( မကွေးတိုင်း၊ ပေါက်မြို့နယ် ဒီးဒုတ်ကွင်းပြည်သူ့စစ်ကျေးရွာမှာ 23ရက်နေ့ က ပြင်းအထန်တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ပြည်သူ့စစ် တစ်ဦးကျပြီး ၅ယောက်ဒဏ်ရာရပါတယ်။ ပြည်သူ ၃ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရပါတယ်။ အကြမ်းဖက်သမား အင်အား ၁၀၀၀ခန့်နှင့် တစ်ဖက်တည်းက တက်လာတော့ နောက်ဆုံးခံစစ်အနေနဲ့ ဘုန်းကြီးကျောင်းမှာ စုရပါတယ်။ ထို့ကြောင့် ရွာထဲ PDF အကြမ်းဖက်သမားများက ဝင်ရောက်ပြီး အိမ်ခြေ ၆၁ လုံးမီးရှို့ဖျက်စီးခဲ့ပါတယ်။ ပြည်သူတွေလည်း ဝတ်စရာ စားစရာ မရှိဖြစ်နေပါတယ်။ ရိက္ခာပျက်နေတာ ၂လကျော်ရှိနေပါပြီ။ တိုက်ပွဲ ကြာတဲ့အတွက် ခဲရမ်းအလွန်နည်းနေပါပြီ။ (လက်နက်ခဲယမ်း အရေအတွက်များ ချန်လှပ်ဖော်ပြပါသည်။) ပြီးခဲ့တဲ့ တိုက်ပွဲမှာရန်သူဘက်က ၂၀၀ ဦးခန့် ဒဏ်ရာရပါတယ်။ သူတို့တွေ အထိနာပြီး အခဲမကျေဖြစ်နေပါတယ်။ ပြန်တိုက်ဖို့ ပြင်ဆင်နေကြပါတယ်။ ရိက္ခာမပို့နိုင်နေပါစေဗျာ။ လက်နက်ခဲယမ်းပဲ အရင်ပို့ပေးပါ။ ရေသောက်ပြီး စစ်တိုက်နိုင်ပါတယ်။ ခဲယမ်းနည်းနေတော့ ရွာကပြည်သူ့တွေအတွက် စိတ်ပူနေရလို့ပါ။ နောက်ထပ်တိုက်ပွဲကို တိုက်ဖို့ ခဲယမ်းမလုံလောက်တော့ဘူး။) လို့ ဆက်သွယ်ပေးပို့လာပါတယ်။ 

မကွေးတိုင်းဒေသကြီးအစိုးရ၊ ပေါက်မြို့နယ်စီမံအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ အခုလို အကြမ်းဖက်ဘေးအန္တရာယ်ကို ခုခံကာကွယ်နေကြတဲ့ ပြည်သူတွေကို ကူညီပံ့ပိုးပေးဖို့ တောင်းဆိုနေခြင်းဟာ ခင်ဗျားတို့ လစာထဲက ပံ့ပိုးပေးရတာလား။ နိုင်ငံတော်ဘဏ္ဍာထဲက ပေးရတာလား။ ခင်ဗျားတို့ လစာထဲက ပေးပါလို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ နိုင်ငံတော်အကြီးများရဲ့ လမ်းညွှန်ချက်အတိုင်း ပြည်သူများက အကြမ်းဖက်အန္တရာယ် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်နေတယ်။ အကြမ်းဖက်သမားများက လာရောက်ပစ်ခတ်တိုက်ခိုက်ရုံမျှမက နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးသွားလို့ ဝတ်စရာမရှိ၊ စားစရာမရှိ ဖြစ်နေပြီ။ တိုင်းဒေသကြီးအစိုးရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဘာတွေကို စီမံအုပ်ချုပ်နေတာလဲ။ အကြမ်းဖက်သမားတွေက အပြစ်မဲ့ ပြည်သူတွေကို သတ်ချင်တိုင်း သတ်ခွင့်ရအောင် စီမံဆောင်ရွက်ပေးနေတာလား။ အကြမ်းဖက်သမားများနဲ့ ပူးပေါင်းပြီး အဆင်ပြေနေကြတာလား။

အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူတွေကိုတော့ ကျွန်တော် အသိပေးချင်တယ်။ ခင်ဗျားတို့ ကျွန်တော်တို့ အားကိုးယုံကြည်သော ပုဂ္ဂိုလ်များထဲမှာ အကြမ်းဖက်အန္တရာယ် ကာကွယ်ရေးကို အလေးထား လုပ်ဆောင်လိုတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ အကြမ်းဖက်သမားများနဲ့ ပူးပေါင်းပြီး ကိုယ်ကျိုးရှာနေကြသူတွေလည်း ရှိတယ်။ အခုလို အကြမ်းဖက်သမားများက ဥပဒေဘောင်အတွင်းမှာ နေထိုင်တဲ့ ပြည်သူများရဲ့ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားတယ်။ အပြစ်မဲ့ ပြည်သူတွေကိုလည်း သတ်ဖြတ်သွားတယ်။ များစွာ နစ်နာဆုံးရှုံးတယ်။ အဲဒီလို နစ်နာဆုံးရှုံးမှုတွေအတွက် ကျွန်တော်တို့မှာ အရေးဆိုပိုင်ခွင့် မရှိဘူး။ ဘာကြောင့်လဲဆိုရင် ဒီကာလဟာ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ကာလဖြစ်နေလို့ပဲ။

ခင်ဗျားတို့ရဲ့ နစ်နာဆုံးရှုံးမှုတွေကို တောင်းဆိုတဲ့အခါ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၃၈၁) အရ အရေးပေါ်အခြေအနေ ဖြစ်နေခြင်းကြောင့် ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ တောင်းဆိုခွင့် မရှိပါဘူးလို့ ငြင်းပယ်ကြလိမ့်မယ်။ 

နိုင်ငံတော်ဝန်ကြီးချုပ်က မိဘပြည်သူများကို မေတ္တာရပ်ခံသကဲ့သို့ပင် ကျွန်တော်ကလည်း အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူများကို မေတ္တာရပ်ခံလိုပါတယ်။

(အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူများ ခင်ဗျာ - ခင်ဗျားတို့ ကျွန်တော်တို့ ယုံကြည်အားကိုးသော၊ လေးစားသော ပုဂ္ဂိုလ်များထဲမှာ အကြမ်းဖက်နှိမ်နင်းရေးကို အလေးထား လုပ်ဆောင်လိုသော ပုဂ္ဂိုလ်များလည်း ရှိကြပါတယ်။ ယခု ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်းကျေးရွာမှာ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ ရက်စက်ယုတ်မာမှုဒဏ်ကို ဆိုးရွားစွာ ခံခဲ့ရတဲ့ အခြေအနေမှာတောင် တာဝန်သိစိတ်နဲ့ ပြည်သူများရဲ့ လိုအပ်ချက်ကို ဆောင်ရွက်ပေးခြင်း မရှိသော ပုဂ္ဂိုလ်များဟာ တာဝန်ယူလိုသူ၊ တာဝန်ခံလိုသူများ မဟုတ်ကြပါဘူးခင်ဗျာ။ မိမိတို့ စီမံအုပ်ချုပ်နေတဲ့ မြို့နယ်ထဲမှာ အပြစ်မဲ့ ပြည်သူတွေကို အကြမ်းဖက်သမားများက သတ်ဖြတ်၊ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားတယ်။ ရှက်တတ်သူများ တာဝန်ယူမှု၊ တာဝန်ခံမှုကို အလေးထားသူများသာဆိုလျင် မိမိတို့ တာဝန်မကျေတဲ့အပေါ်မှာ ပြည်သူများကို တောင်းပန်ပြီး ရာထူးတာဝန်ကနေ နှုတ်ထွက်ကြရမှာ ဖြစ်ပါတယ်။ အဲဒီလိုလည်း နေရာအပျောက်ခံနိုင်သူများ မဟုတ်ကြပါဘူး။ 

အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူများခင်ဗျာ - ယနေ့ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ NLD အစွန်းရောက် အကြမ်းဖက်ဘေးအန္တရာယ်နဲ့ ပတ်သက်လို့ တာဝန်ရှိသူများမှာ တာဝန်ခံစရာမလိုဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူများ နစ်နာဆုံးရှုံးသမျှကို မသိကျိုးကျွန်ပြုနိုင်တဲ့ အခွင့်အာဏာရှိပါတယ်။ အကြမ်းဖက်သမားများကြားမှာ ရှင်သန်နေကြရတဲ့ ပြည်သူများအနေနဲ့ မိမိတို့မှာ ခုခံကာကွယ်နိုင်စွမ်း ရှိရင် မိမိတို့အရပ်ဒေသမှာ ဆက်နေပါ။ မိမိတို့ ကိုယ်တိုင် ခုခံကာကွယ်နိုင်တဲ့ အင်အားမရှိဘဲနဲ့တော့ အသေခံပြီး မနေကြပါနဲ့။ တာဝန်ယူပြီး ကာကွယ်စောင့်ရှောက်ပေးမယ့်သူ မရှိပါဘူး။ ယနေ့ တိုင်းပြည်တွင်းမှာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများက သူတို့ကို ထောက်ခံအားပေးတဲ့ နီပိန်းများကို အကြမ်းဖက်သမားများအဖြစ် အသုံးချပြီး သေတွင်းထဲ တွန်းပို့နေသကဲ့သို့ပင် ခင်ဗျားတို့ ကျွန်တော်တို့မှာလည်း တာဝန်ရှိသူများရဲ့ ကာကွယ်စောင့်ရှောက်မှုကို မရဘဲ သေတွင်းထဲ ဆင်းခဲ့ရတဲ့ ဖြစ်ရပ်ဆိုးတွေကို ထောက်ရှုဆင်ခြင်ပြီး အသိမှန် အမြင်မှန် ရှိကြဖို့လိုပါတယ်။ မိမိတို့မှာ ခုခံကာကွယ်နိုင်စွမ်း မရှိရင်တော့ အကြမ်းဖက်သမားများ ရှိနေတဲ့ အရပ်ဒေသကနေ ရှောင်ပြေးကြပါ။ ရောက်ရာအရပ်မှာ ကြုံရာအလုပ် လုပ်ပြီး ရှင်သန်ကြပါ။ စီမံအုပ်ချုပ်သူများနဲ့ အကြမ်းဖက်သမားများ အဆင်ပြေနေတဲ့ ဒေသတချို့ရှိပါတယ်။ ပေါင်းစားခြင်းလို့ ခေါ်ပါတယ်။ ဥပဒေဘောင်အတွင်းမှာ နေထိုင်တဲ့ ခင်ဗျားတို့ ကျွန်တော်တို့အတွက် အင်မတန်ကို အန္တရာယ်များပါတယ်။ မနေသင့်တဲ့အရပ်လို့ ဆိုရင်လည်း မမှားပါဘူး။) လို့ ပြောချင်ပါတယ်။

ကျွန်တော်တို့ဟာ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့အတွက် တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်နိုင်ဖို့ လက်လှမ်းမီသမျှ ဥပဒေဘောင်အတွင်းမှာ နေထိုင်ပြီး အကြမ်းဖက်အန္တရာယ်ကြုံတွေ့နေရတဲ့ ဒေသခံပြည်သူတွေရဲ့ အခြေအနေမှန်ကို တင်ပြပါတယ်။ ဒါက ကျွန်တော်တို့ လုပ်ရမယ့် အလုပ်ပါ။ ဒေသခံပြည်သူများရဲ့ အခြေအနေကို သိရှိပြီး တာဝန်ရှိသူများက အကြမ်းဖက်အန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်းကျေးရွာရဲ့ ပတ်ပတ်လည်မှာ NLD အစွန်းရောက် ပဒက်ရွာတွေ ရှိပါတယ်။ အဲဒီရွာတွေမှာ လက်နက်ကိုင်ပြီး ဖင်ယားနေတဲ့ နီပိန်းတွေကို ဖော်ထုတ်ပြီး လက်နက်ခဲယမ်းများသိမ်းဆည်း၊ ဥပဒေအရ အရေးယူဆောင်ရွက်ခြင်း အလုပ်ကိုလည်း တာဝန်ရှိသူများက မလုပ်ကြပါဘူး။ အဲဒီ နီပိန်းများဟာ သူ့တို့လို ပဒက်ဖြစ်မလာတဲ့ ဒီးဒုတ်ကွင်းလို ရွာမျိုးကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေပြန်တော့လည်း ကာကွယ်မှုမပေးဘူး။ မြို့နယ်စီမံအုပ်ချုပ်ရေးဟာ ဘာတွေကို စီမံပြီး ဘယ်လိုတွေ အုပ်ချုပ်နေတာပါလဲလို့ မေးရင် အပြစ်ဖြစ်တော့မယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)