ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြမြို့ ဒေသသုတေသနဗဟိုဌာနတွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့အကြို တောင်သူကွင်းသရုပ်ပြပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့် ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြမြို့ ဒေသသုတေသနဗဟိုဌာနတွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့အကြို တောင်သူကွင်းသရုပ်ပြပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့် ကြည့်ရှုအားပေး






MNP ၊ အောက်တိုဘာ    ၁၃

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် မြောင်းမြမြို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့အကြို တောင်သူကွင်းသရုပ်ပြပွဲ အခမ်းအနားသို့ ယမန်နေ့က တက်ရောက်ချီးမြှင့် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကမ္ဘာ့စားနပ်ရိက္ခာနေ့အကြို တောင်သူကွင်းသရုပ်ပြပွဲ အခမ်းအနားတွင် ဒေသသုတေသနဗဟိုဌာန (မြောင်းမြ) တာဝန်ခံ ဒေါ်ဖြူပြာလွင်က ၂၀၂၃−၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် ဆောင်ရွက်ထားရှိသည့် မိုးရေသောက်လယ်စပါး၊ အရည်အသွေးကောင်းစပါး၊ စပ်မျိုးစပါး၊ ရေမြုပ်ခံစပါးနှင့် ရေနေခံစပါး သုတေသနများ၊ မျိုးကူးစပ်ခြင်းသုတေသန၊ ပေါ်ဆန်းမွှေးစပါးမျိုးများအား  မျိုးသန့်လိုင်းရွေးချယ်ခြင်းသုတေသန၊ ပေါ်ဆန်းစပါး စိုက်ချိန်စမ်းသပ်ခြင်း သုတေသန၊ ပေါ်ဆန်းအရည်အသွေးမြှင့်တင်ရေးနှင့် မြေဆီလွှာ ထိန်းသိမ်းရေး သုတေသန (ပိုက်ဆံလျှော်+နွားချေး+သဘာဝမြေဩဇာ)သုတေသနများနှင့် သုတေသနရလဒ်များအား ရှင်းလင်းတင်ပြခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က  ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ ဒေသနှင့်ကိုက်ညီပြီး ရာသီဥတုဒဏ် ခံနိုင်ရည် ရှိသည့်အပြင် အထွက်ကောင်း၍ စျေးကွက်ရှိသည့် စပါးသုတေသနများ၊ ဆီထွက်သီးနှံ သုတေသနများ၊ ဟင်းသီးဟင်းရွက်နှင့် နှစ်ရှည်ပင် သုတေသနများအား မိမိဌာနအပြင် ဒေသအလိုက် တောင်သူများနှင့်အတူ သုတေသနပြု ဆောင်ရွက်သွားရန်၊ နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည့် အဓိကသီးနှံများအား ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး သုတေသနပြု ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။


အဆိုပါ ကွင်းသရုပ်ပြပွဲသို့ တိုင်းဒေသကြီး တာဝန်ရှိသူများ၊  မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင် ဌာနဆိုင်ရာများ၊ ဆန်စပါးလုပ်ငန်းရှင်များ  မြောင်းမြမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု(၆)စုမှ အကျိုးဆောင်တောင်သူများ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး  ကြွရောက်လာသူများအား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)